ကချင်ပြည်နယ်မှာ ဒီညကစပြီး အင်တာနက်ဖြတ်တောက်လိုက်ပြီ

၂၀ ၊ ဩဂုတ်လ ၊ ၂၀၂၁ ။

ဆက်သွယ်ရေးတာဝိုင်တိုင် ၅၀ ကျော်ကနေ အင်တာနက်ကွန်ယက်တွေကို ပိတ်ပစ်လိုက်ဖို့ အကြမ်းဖက်စစ်အုပ်စုက ဒီနေ့ည ၈ နာရီမှာ ညွှန်ကြားခဲ့တယ်လို့ တယ်လီနောဝန်ထမ်းတဦးက DNA ကိုပြောပါတယ် ။

 

အဲဒီလို ဖြတ်ဖို့ ညွှန်ကြားတဲ့ အထဲမှာ မိုဘိုင်းအင်တာနက် ၊ ဖိုက်ဘာအင်တာနက် နဲ့ Broadband တွေလည်း ပါဝင်တယ်လို့ ဆိုပါတယ် ။

အဲဒီလို ညွန်ကြားပြီး ဒီည ၁၀ နာရီကျော်က စတင်ပြီး အင်တာနက်လိုင်းတွေ ပြတ်တောက်သွားတယ်လို့ ကချင်ပြည်နယ် ဖားကန့်ဒေသခံတွေက ပြောပါဘယ်။

အင်တာနက်တွေတင် မက ဖုန်းလိုင်းတွေပါ ပြတ်တောက်သွားတယ်လို့လည်း သိရပါတယ် ။

ပိတ်စေချင်ရင် သူတို့က စာမထုတ်ပဲ ဖုန်းဆက်ပြီး ပိတ်ခိုင်းတာတွေရှိတယ် ၊ နောက် နှစ်နာရီအတွင်းပိတ်ပါတို့ ၊ ၁၂ နာရီကျော်ရင် ပိတ်ပါတို့ အဲဒီလို ညွှန်ကြားတတ်တာမျိုးလည်းရှိတယ် လို့ အဆိုပါဝန်ထမ်းကပြောပါတယ် ။

အခုလို ကချင်ပြည်နယ်ကို အင်တာနက်လိုင်း ဖြတ်တောက်ဖို့ ပြင်ဆင်နေရာမှာ တယ်လီနော အော်ပရေတာ တခုထဲတင်မက တခြားအော်ပရေတာတွေကိုလည်း ညွှန်ကြားနိုင်တယ်လို့ မှတ်ချက်ပြုပေမယ့် DNA အနေနဲ့ သီးခြားအတည်ပြုချက်ရရှိဖို့ ကြိုးစားနေစဲ ဖြစ်ပါတယ် ။

အကြမ်းဖက်စစ်တပ်အနေနဲ့ ပြီးခဲ့တဲ့ အစိုးရကာလအတွင်းမှာလည်း ရခိုင်ပြည်နယ်ကို စစ်ရေးအရ ထိုးစစ်ဆင်နေချိန်မှာ အင်တာနက်ကို ကာလကြာရှည်ဖြတ်တောက်ပစ်တာမျိုး လုပ်ခဲ့ဖူးပါတယ် ။