KNU တပ်မဟာ(၁) တပ်မဟာမှူး ဗိုလ်မှူးချုပ်စောပလေ့ ကွယ်လွန်

၁၀၊ ဩဂုတ်လ၊ ၂၀၂၁။

ကရင်အမျိုးသားအစည်းအရုံး(KNU/KNLA) တပ်မဟာ(၁) တပ်မဟာမှူး ဗိုလ်မှူးချုပ် စောပလေ့ဟာ ဒီကနေ့ မနက် ၄ နာရီမှာ ကွယ်လွန်သွားတယ်လို့ တပ်မဟာ(၁) တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

အသက် ၅၇နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဗိုလ်မှူးချုပ်စောပလေ့ဟာ ကိုဗစ်ရောဂါလက္ခဏာတွေဖြစ်တဲ့ ဖျားနာတာ၊အောက်ဆီဂျင်ကျတာ စတာတွေလည်းမကွယ်လွန်မီ ရက်ပိုင်းတွေမှာ ဖြစ်ပေါ်ခဲ့တယ်လို့ သိရပါတယ်။

ဗိုလ်မှူးချုပ်စောပလေ့ဟာ တပ်မဟာ(၁) တပ်မဟာမှူးအဖြစ်တာဝန်ယူထားတာ တစ်နှစ်ကျော်သာရှိ သေးတာပါ။

ဗိုလ်မှူးချုပ်စောပလေ့ မတိုင်ခင် ဇွန်လအတွင်းကလည်း KNU တပ်မဟာ(၇) တပ်မဟာမှူးဖြစ်သူ ဗိုလ်မှူးချုပ်စောဂျောဖြူ ကွယ်လွန်ခဲ့ပါတယ်။

ကရင်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဖြစ်တဲ့ ကရင်ငြိမ်းချမ်းရေးကောင်စီ(KNU/KNLA-PC) စစ်ရေးချုပ် ဗိုလ်ချုပ်စောနေစိုးမြနဲ့ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော်(DKBA) စစ်ဦးစီးချုပ် ဗိုလ်ချုပ်စောမိုရှေးတို့ဟာလည်း မကြာသေးမီကပဲ ကိုဗစ်ရောဂါကြောင့် ကွယ်လွန်ခဲ့ပါတယ် ။

KNU တပ်မဟာ(၁)နယ်မြေဟာ သထုံ၊ ဘီးလင်း၊ ကျိုက်ထိုနဲ့ ဘားအံမြို့နယ်တွေကို စုစည်းထားတာ ဖြစ်ပါတယ် ။