လွိုင်ကော်မှာ စစ်အုပ်စုက ပြည်သူတွေကို စစ်ဝတ်စုံဝတ်ပေးပြီး လူသားဒိုင်းလုပ်

၂၁ ၊ ဩဂုတ်လ ၊ ၂၀၂၁ ။

အကြမ်းဖက်စစ်အုပ်စုက အပြစ်မဲ့ ပြည်သူ ၁၅ဦးခန့်ကို မတရားဖမ်းဆီးကာ စစ်ဝတ်စုံတွေကို ဝတ်ဆင်စေပြီး လက်ပြန်ကြိုးတုတ်ကာ အရှေ့မှ နေစေပြီး လူသားဒိုင်းကာ ပြုလုပ်ကာ ဩဂုတ်လ ၂၁ရက်နေ့ နေ့လည်ပိုင်းက ဖရူဆို- ဒီးမော့ဆိုဘက်မှ လွိုင်ကော်မြို့ဖက်ကို စစ်ကြောင်းချီတက်သွားတယ်လို့ KnIC ကသတင်းထုတ်ပြန်ထားပါတယ်။

အဖမ်းဆီးခံထားပြီး လူသားဒိုင်းအဖြစ် အသုံးချခံထားရတဲ့ ပြည်သူတွေဟာ ဘယ်ကျေးရွာက ပြည်သူတွေဖြစ်တယ်ဆိုတာတော့ သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။