ထန်းဇင်လှကျေးရွာ အုပ်ချုပ်ရေးမှူး ကျည်ဆံပို့ သတိ​ပေးခံရ

၁၉ ၊ သြဂုတ်လ ၊ ၂၀၂၁ ။

သာပေါင်းမြို့နယ် ထန်းဇင်လှကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမြင့်စန်းကို သာပေါင်း PDFက ကျည်ဆံတစ်တောင့်ပို့ပြီး သတိပေးလိုက်ပါတယ်။

ကျေးရွာဒေသခံတွေကို ဖိနှိပ်ပြီး ငွေကြေးတောင်းခံမှုတွေ ပြုလုပ်ကာ အကြမ်းဖက်စစ်အုပ်စုနဲ့ ပူးပေါင်းပြီးတော့ လုပ်ဆောင်နေတာကြောင့်

အခုလို သတိပေးလိုက်တာလို့ သာပေါင်း PDFကပြောပါတယ်။

ကျည်ဆံနဲ့အတူ သို့ ဦးလေးမြင့်စန်း နေကောင်းအောင် သတိထားနေပါဦးလို့ ရေးသားထားတဲ့ စာတစ်စောင်ကိုပါ သာပေါင်းမြို့ကနေ ထန်းဇင်လှကျေးရွာကို ပြေးဆွဲနေတဲ့ စက်လှေနဲ့ ထည့်ပေးလိုက်တာလို့ သိရပါတယ်။