စစ်အုပ်စုရဲ့ တပ်စခန်းတစ်ခုကို KNLA သိမ်းယူ

၂၆၊ ဩဂုတ်လ၊ ၂၀၂၁။

KNU ထိန်းချုပ်နယ်မြေတစ်ခုဖြစ်တဲ့ နို့တကောမြို့နယ် ခုတ်ခွားမှာ လာရောက်ခြေကုပ်ယူထားတဲ့ အကြမ်းဖက်စစ်အုပ်စုရဲ့ ကာလိခီးတပ်စခန်းကို ကို ဩဂုတ်လ ၂၆ရက်နေ့ မနက် ၁၀ခန့်မှာ KNLA တပ်မဟာ (၆) တပ်ရင်း (၁၇) တပ်ခွဲ (၁)က တက်ရောက်သိမ်းယူနိုင်ခဲ့တယ်လို့ KNU ဒူးပလာယာခရိုင် နို့တကောမြို့နယ် သတင်းနဲ့ ပြန်ကြားရေးအဖွဲ့က သတင်းထုတ်ပြန်ခဲ့ပါတယ်။


“အဲ့ဒီစခန်းကို တက်ရောက်သိမ်းဆည်းတဲ့အချိန်မှာတော့ BGF တပ်ဖွဲ့တွေက ပြန်မခုခံပဲ ဆုတ်ခွာသွားခဲ့တဲ့အတွက် KNLA တပ်ဖွဲ့တွေက ခုတ်ခွားစခန်းကို အလွယ်တကူ သိမ်းဆည်းရမိခဲ့တယ်”လို့ လုံခြုံရေးအရ အမည်မဖော်လိုသူ တစ်ဦးက ပြောပါတယ်။
ကာလိခီးစခန်းဟာ အကြမ်းဖက်စစ်အုပ်စုက စခန်းချနေထိုင်ပြီးနောက်မှာ BGFအဖွဲ့ကို စခန်းအထိုင်အဖြစ် ထားရှိထားတာဖြစ်ပါတယ်။

Delta News Agency

Read Previous

ဖယ်ခုံမြို့မှာ ပျုစောထီးတွေက PDFအယောင်ဆောင်ကာ ပြည်သူတွေကို ခြောက်လှန့်

Read Next

KNC ပါတီ ဥက္ကဋ္ဌ ဒေါက်တာကောန်လကို စစ်အုပ်စုက ဖမ်းဆီး