ဖယ်ခုံမြို့မှာ ပျုစောထီးတွေက PDFအယောင်ဆောင်ကာ ပြည်သူတွေကို ခြောက်လှန့်

၂၆၊ ဩဂုတ်လ၊ ၂၀၂၁။

ဖယ်ခုံမြို့မှာ ပျူစောထီးတွေက အကြမ်းဖက်စစ်အုပ်စုက တပ်ဆင်ပေးထားတဲ့ လက်နက်တွေနဲ့ ဖယ်ခုံPDF ဟန်ဆောင်ကာ ဩဂုတ်လ ၂၅ရက်နေ့ ညပိုင်းက ပြည်သူတွေရဲ့နေအိမ်ကို လက်ပစ်ဗုံးတွေနဲ့ ခြောက်လှန့်ပစ်ခတ်တာတွေ လုပ်ဆောင်ခဲ့တယ်လို့ ဖယ်ခုံ PDFက ဩဂုတ်လ ၂၆ရက်နေ့မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။


အခုလို လက်ပစ်ဗုံးတွေနဲ့ ပစ်ခတ်မှုဟာ ပြည်သူနဲ့ PDFတွေအကြား အထင်မှားအောင် လုပ်ဆောင်နေတာဖြစ်ပြီး ဖယ်ခုံ PDFအနေနဲ့ ပြည်သူတွေ ထိခိုက်နစ်နာမဲ့ လုပ်ရပ်တွေကို ရှောင်ရှားကာ အကြမ်းဖက်စစ်အုပ်စုနဲ့ သူတို့လက်အောက်ခံတွေကို ဆက်လက်တိုက်ပွဲဝင်သွားမှာဖြစ်တယ်လို့ ဆိုပါတယ်။

Delta News Agency

Read Previous

နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(မန္တလေး)ရဲ့ ပါမောက္ခချုပ် ဆရာတော် ကိုဗစ်နဲ့ ပျံလွန်တော်မူ

Read Next

စစ်အုပ်စုရဲ့ တပ်စခန်းတစ်ခုကို KNLA သိမ်းယူ