အကြမ်းဖက်စစ်အုပ်စုက ခေါင်းအိကျေးရွာဖက်ကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေ

၃၊ စက်တင်ဘာလ၊ ၂၀၂၁။

အကြမ်းဖက်စစ်အုပ်စုက ဖယ်ခုံမြို့နယ် ခေါင်းအိကျေးရွာအုပ်စုဘက်ကို စက်တင်ဘာလ ၁ရက်နေ့ကနေ စတင်ပြီး နေ့စဉ် လက်နက်ကြီးတွေနဲ့ ထိုးစစ်ဆင် တိုက်ခိုက်နေတယ်လို့ KNDFက စက်တင်ဘာလ ၃ရက်နေ့မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။

စက်တင်ဘာလ ၂ရက်နေ့ မနက်ပိုင်းကစတင်ပြီး ထိတွေ့တိုက်ပွဲတွေလည်း ဖြစ်ပွါးနေကာ

အကြမ်းဖက်စစ်အုပ်စုဘက်က ၁၀ဦးထက်မနည်း ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ သိရပါတယ်။

ဒီကနေ့မှာလည်း လက်နက်ကြီးတွေနဲ့ ဆက်တိုက်ပစ်ခတ်နေခဲ့ပြီး အင်အား ၅၀၀ကျော်နဲ့ ထိုးစစ်ဆင်လာတဲ့ စစ်အုပ်စုကို KNDFနဲ့ PDFတို့က အပြင်းအထန်ခုခံနေတယ်လို့ KNDFရဲ့ သတင်းထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

Delta News Agency

Read Previous

စစ်အုပ်စုက ဘုန်းကြီးကျောင်းနဲ့ ပြည်သူတွေကို အကာကွယ်ယူပြီး PDFကို တိုက်ခိုက်

Read Next

PDF (Kalay) ကထုတ်ပြန်လိုက်တဲ့ ဒီကနေ့ တိုက်ပွဲသတင်း