ဖယ်ခုံမှာ တိုက်ပွဲပြင်းထန်နေပြီး စစ်အုပ်စုက လေယာဉ်တွေနဲ့ပါ ဗုံးကြဲ

ကယားပြည်နယ်(ကရင်နီ)နဲ့ ရှမ်းပြည်နယ် နယ်စပ်မှာရှိတဲ့ ဖယ်ခုံမြို့နယ် ကုန်းဆုံကျေးရွာမှာ ရှိတဲ့ အကြမ်းဖက်စစ်အုပ်စုရဲ့ ကင်းစခန်းတစ်ခုကို ဖယ်ခုံPDFက ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စစ်အုပ်စုက ၁၀ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ ဖယ်ခုံPDFက သတင်းထုတ်ပြန်လိုက်ပါတယ်။
ဒီကနေ့ ဇန်နဝါရီလ ၂၉ရက်နေ့ ၆နာရီ၂၀မိနစ်ခန့်ကနေစတင်ကာ ၉နာရီ၁၀မိနစ်ခန့်အထိ တိုက်ပွဲဖြစ်ပွားခဲ့ပြီး အထိနာသွားတဲ့ စစ်အုပ်စုဟာ လေယာဉ်တွေနဲ့ပါ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
တိုက်ပွဲအတွင်း ဖယ်ခုံPDFက တပ်ဖွဲ့ဝင် ၂ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
အကြမ်းဖက်စစ်အုပ်စုဟာ ကရင်နီပြည်နယ်အတွင်းကို လေယာဉ်တွေနဲ့ပါ စစ်ကြောင်းထိုးတိုက်ခိုက်နေပြီး ဒေသခံပြည်သူ သောင်းနဲ့ချီကာ စစ်ဘေးတိမ်းရှောင်နေရပါတယ်။