စစ်အုပ်စုက ဘုန်းကြီးကျောင်းနဲ့ ပြည်သူတွေကို အကာကွယ်ယူပြီး PDFကို တိုက်ခိုက်

၃၊ စက်တင်ဘာလ၊ ၂၀၂၁။

ရှမ်းပြည်နယ်နဲ့ ကယားပြည်နယ် အစပ်ကြားမှာရှိတဲ့ ဖယ်ခုံမြို့နယ်အတွင်း စက်တင်ဘာလ ၂ရက်နေ့ မနက် ၉နာရီခန့်ကတည်းက အကြမ်းဖက်စစ်အုပ်စုနဲ့ PDFတို့အကြား ဖြစ်ပွါးနေတဲ့ တိုက်ပွဲတွေမှာ အကြမ်းဖက်စစ်အုပ်စုက ဘုန်းကြီးကျောင်းနဲ့ ဒေသခံပြည်သူတွေကို ဒိုင်းသဖွယ် အကာအကွယ်ယူပြီး တိုက်ခိုက်နေတယ်လို့ သိရပါတယ်။

ခေါင်းအိကျေးရွာအရှေ့ဖက်မှာ တိုက်ပွဲ စဖြစ်တယ်၊ ပြီးတော့ နေ့ခင်းပိုင်းရောက်တော့ သူတို့က ဆုတ်သွား ရတယ်၊ အဲ့ချိန်မှာ ကုန်းဆုံတော်ပေါ်ဘုရားဖက်နေ တစ်ဖွဲ့နေပြီးတော့ သူတို့အချင်းချင်း ပစ်ကူတယ်၊

အဲ့ဖက် မှာ ဘုန်းကြီးကျောင်းနဲ့ ရွာတွေရှိတယ်၊ ဆိုလိုတာက သူတို့က အဲ့အတွေကို အကာအကွယ်ယူတော့ PDF တွေဖက်ကို ဖိပြီးပစ်တာ”လို့ ဖယ်ခုံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ နီးစပ်သူတစ်ဦးက သျှမ်းသံတော်ဆင့် သတင်းဌာနကို ဖြေကြားထားပါတယ်။

အကြမ်းဖက်စစ်အုပ်စုက ကျေးရွာတွေကို အကာကွယ်ယူပြီး စစ်အင်အားကို ဖြည့်တင်းနေတာမို့ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွါးလာနိုင်ပြီး စစ်ဘေးရှောင်ပြည်သူတွေအတွက် အကူညီတွေပါ လိုအပ်လာတယ်လို့ ဒေသခံတွေက ပြောပါတယ်။
Source- သျှမ်းသံတော်ဆင့်