‘ဝ’ပြည်နယ် ပန်ခမ်းမြို့မှာ ကိုဗစ်ကူးစက်ခံရသူ မရှိ

၂၂ ၊ ဩဂုတ်လ ၊ ၂၀၂၁ ။

‘ဝ’ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပန်ခမ်းမြို့မှာ တစ်မြို့လုံးကို ဩဂုတ်လ ၁၈ရက်နေ့က စတင်ကာ Lockdown ချပြီး ပြည်နယ်အတွင်း အမြဲတမ်းနေထိုင်သူတွေနဲ့ ယာယီရွေ့ပြောင်းလာသူတွေအားလုံးကို ကိုဗစ်ရောဂါ ရှိမရှိစစ်ဆေးခဲ့ရာ ကူးစက်ခံရသူ မရှိတာကြောင့် Lockdown ချထားခြင်းကို ပယ်ဖျက်ပြီး

ဩဂုတ်လ ၂၂ရက်နေ့မှ စတင်ကာ ပုံမှန်သွားလာခွင့် ပြုလိုက်ပြီတယ်လို့ သိရပါတယ်။

ကိုဗစ်ရောဂါရှိမရှိ နှာခေါင်းတို့ဖက်ရယူကာ စုစုပေါင်း ၅၂၉၂၂ကို စစ်ဆေးပေးခဲ့ပြီး ရောဂါပိုးတွေ့ရှိသူ မရှိဘူးလို့ ပန်ခမ်းမြို့ ကိုဗစ်ရောဂါကာကွယ်ထိန်းချုပ်ရေးဌာနက ထုတ်ပြန်ထားပါတယ်။

‘ဝ’ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင်း ကိုဗစ်ကင်းစင်စေရေးအတွက် ပြည်နယ်ပြင်မှ လာရောက်သူအားလုံးဟာ ကိုဗစ်ရောဂါ စစ်ဆေးပြီးမှ ဝင်ရောက်ခွင့်ပြုမယ်လို့လည်း ပန်ခမ်းမြို့ ကိုဗစ်ရောဂါကာကွယ်ထိန်းချုပ်ရေးဌာနက ထုတ်ပြန်ထားပါတယ်။