မြဝတီမြို့မှာ မဘသနဲ့ကြံဖွံတွေ ဇာတိမာန်နဲ့ အမျိုးဘာသာသသနာသီချင်းတွေဖွင့်ကာ မြို့ပတ်

၂၂၊ ဩဂုတ်လ၊ ၂၀၂၁။

ဒီကနေ့ ဩဂုတ်လ ၂၂ရက်နေ့ နံနက်ပိုင်းက ဝါခေါင်လပြည့်နေ့ နေ့ထူးနေ့မြတ်ကို အကြောင်းပြပြီး မြဝတီမြို့မှာ မဘသနဲ့ ကြံဖွံအဖွဲ့ဝင်တွေဟာ မော်တော်ယာဉ်တန်းနဲ့ ဇာတိမာန်၊ အမျိုးဘာသာသာသနာသီချင်းတွေကို ဖွင့်လှစ်ကာ အင်အားတစ်ရာကျော်နဲ့ မြို့ပတ်လှည့်လည်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“ဝါခေါင်လပြည့်နေ့ကို အကြောင်းပြတာပါ ကားပေါ်တွေပေါ်မှာ ခုန်ပေါက်ပြီး ကနေကြတာ မူးနေကြတဲ့ လူတွေလည်း တွေ့တယ်၊

ကိုဗစ်စည်းကမ်းချက်တွေက အဲ့လူတွေအပေါ်ကျတော့ အကျုံးမဝင်ဘူးလားဆိုတာ မေးချင်တာ”လို့ ဒေသခံတစ်ဦးကပြောပါတယ်။

အခုလို ကခုန်လှည့်လည်နေတဲ့ ယာဉ်တန်းကို အကြမ်းဖက်စစ်အုပ်စု လုံခြုံရေးတွေ လိုက်လံ ပေးနေတာလည်း မြင်တွေ့နေရတယ်လို့ သိရပါတယ်။