ဖားကန့်က စစ်အုပ်စုရဲ့ ရဲစခန်းတစ်ခုကို KIA မီးရှို့ဖျက်ဆီး

၂၂ ၊ ဩဂုတ်လ ၊ ၂၀၂၁ ။

ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာအုပ်စု ကောင်စံကျေးရွာက နေရာပြောင်းရွေ့သွားတဲ့ အကြမ်းဖက်စစ်အုပ်စုရဲ့ ရဲတပ်ရင်း ၃၀စခန်းကို KIAက ဩဂုတ်လ ၂၁ရက်နေ့မှာ မီးရှို့ဖျက်ဆီးလိုက်ပါတယ်။

ရဲတပ်ရင်း (၃၀)အပြင် အခြားသော အကြမ်းဖက်စစ်အုပ်စုဝင် စစ်သား၊ စရဖနဲ့ စစ်အုပ်စုနဲ့ ပက်သက်သူအားလုံးဟာ

တပ်ရင်းမှူးရုံးထိုင်ရာ မြို့ကို ပြောင်းရွေ့သွားတာလို့ သိရပါတယ်။

ဖားကန့်မြို့မှာ ဩဂုတ်လ ၂၀ရက်နေ့ညက စတင်ပြီး အင်တာနက်လိုင်းတွေကို ဖြတ်တောက်ထားပြီး အကြမ်းဖက်စစ်အုပ်စုက မြို့အတွင်းက စာသင်ကျောင်းတွေနဲ့ နေရာအများစုမှာ တပ်စွဲထားတာကြောင့် တိုက်ပွဲကြီးတစ်ခုဖြစ်လာနိုင်တယ်လို့ ဒေသခံတွေ စိုးရိမ်ပူပန်နေကြပါတယ်။