စဉ့်ကူးမြို့နယ်က ဒလန်အုပ်ကြီး သေနတ်နဲ့အပစ်ခံရပြီး သေ

၂၈၊ ဩဂုတ်လ၊ ၂၀၂၁။

စဉ့်ကူးမြို့နယ် ဝါးရုံကုန်းကျေးရွာက အုပ်ချုပ်ရေးမှူးဖြစ်သူ ဦးသောင်းရှိန်ကို ဩဂုတ်လ ၂၈ရက်နေ့ ညနေ ၄နာရီ ၃၀မိနစ်ခန့်မှာ အမည်မသိ သေနတ်သမားတစ်ဦးက သေနတ်နဲ့ ဝင်ပစ်သွားတာကြောင့် သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။

“ဧည့်စာရင်းတိုင်မယ်ဆိုပြီးတော့ လာပြီးတော့ ပစ်သွားတာ၊ ပွဲချင်းပြီးပဲ ၊ အဲ့လူက စကစကခန့်ထားတဲ့လူ ဒလန်ကြီး ပျူစောထီးလည်းပါတာပဲ”လို့ ဒေသခံတစ်ဦးကပြောပါတယ်။
ပစ်ခတ်မှုဖြစ်စဉ်အပြီး နာရီဝက်ခန့်အကြာမှာ အကြမ်းဖက်စစ်အုပ်စုက ကျေးရွာအတွင်းကို ရောက်ရှိလာပြီး ရှာဖွေစစ်ဆေးမှုတွေကို လုပ်ဆောင်နေတယ်လို့ သိရပါတယ်။