တကမ္ဘာလုံးမှာ ကိုဗစ်ကြောင့် သေဆုံးသူ ၅သန်းကျော်ရှိလာ

၃၊ အောက်တိုဘာလ၊ ၂၀၂၁။

တကမ္ဘာလုံးမှာ COVID 19 ကပ်ရောဂါကြောင့်သေဆုံးသူဦးရေ ၅သန်းကျော်လာပြီလို့ Reuters သတင်းဌာနက စုဆောင်းထားတဲ့ အချက်အလက်တွေအရ သိရပါတယ်။

တချိန်တည်းမှာပဲ အားပြင်းတဲ့ ကိုဗစ်မျိုးကွဲသစ် Dalta ဗိုင်းရပ်စ်ဟာ ကာကွယ်ဆေးမ ထိုးရသေးသူ တော်တော်များများဆီကို ထိတွေ့ကူးစက်နေတာလည်း ဖြစ်ပါတယ်။ 

သေဆုံးမှုနှုန်းရဲ့ ထက်ဝက်ခန့်က အမေရိကန် ၊ ရုရှား ၊ ဘရာဇီး၊ မက္ကဆီကိုနဲ့ အိန္ဒိယ စတဲ့နိုင်ငံတွေက ဖြစ်တယ်လို့လည်း ဖော်ပြထားပါတယ်။

ကိုဗစ်ကြောင့် သေဆုံးမှုနှုန်းဟာ ပြီးခဲ့တဲ့ တနှစ်ကျော်လောက်မှာ  ၂ ဒဿမ ၅သန်းရှိခဲ့ပြီး နောက်ထပ် ၂ ဒဿမ ၅သန်းဟာ ၈လခန့်အတွင်း မြင့်တက်လာတာ ဖြစ်တယ်လို့ ရိုက်တာရဲ့ သုတေသနတဦးက ဆိုပါတယ်။

ပြီးခဲ့တဲ့ ရက်သတ္တပတ်က တကမ္ဘာလုံးမှာ ကိုဗစ်ကြောင့် နေ့စဉ်သေဆုံးမှုနှုန်းဟာ ခန့်မှန်းချေ ၈၀၀၀ လောက်ရှိခဲ့ပြီး တမိနစ်တိုင်းမှာ လူ၅ဦးခန့် သေဆုံးနေတာ ဖြစ်ပါတယ်။ ဒါပေမယ့် တကမ္ဘာလုံး သေဆုံးမှုနှုန်းညွှန်းကိန်း ကတော့ တဖြည်းဖြည်းလျော့ကျလာနေတယ်လို့ ဖော်ပြပါတယ်။ 

ချမ်းသာတဲ့ နိုင်ငံတွေမှာ ကာကွယ်ဆေးထိုးနှံရေး အရှိန်မြင့်လုပ်ဆောင်နေချိန်  ကိုဗစ်ကာကွယ်ဆေးကို ပထမတကြိမ်တောင် မထိုးရသေးသူအရေအတွက်များတဲ့ ဆင်းရဲနွမ်းပါးတဲ့နိုင်ငံတွေအတွက် ကာကွယ်ဆေး  ရရှိရေး ဦးစားပေးဆောင်ရွက်နေတယ်လို့ သိရပါတယ်။

တကမ္ဘာလုံးရဲ့ လူဦးရေ ထက်ဝက်ကျော်ဟာ ကိုဗစ်ကာကွယ်ဆေး လုံးဝ မထိုးရသေးဘူးလို့ Our World in Data က ထုတ်ပြန်ထားပါတယ်။

လက်ရှိမှာ Dalta ဗိုင်းရပ်စ်ဟာ တကမ္ဘာလုံးကို အားကောင်းကောင်းနဲ့ ကူးစက်ပျံ့နှံနေပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO အဖွဲ့ဝင် ၁၉၄ နိုင်ငံရှိတဲ့အနက် ၁၈၇ နိုင်ငံမှာ Dalta ဗိုင်းရပ်စ်ကူးစက်နေပြီ ဖြစ်ပါတယ်။

Delta News Agency

Read Previous

ပုသိမ်ကြီးလျှပ်စစ်ရုံး ဗုံးပေါက်ကွဲ

Read Next

ခရမ်းမြို့မှာ NLDပါတီဝင်နှစ်ဦးရဲ့နေအိမ်ကို စစ်အုပ်စုက ဝင်ရောက်ဖျက်ဆီးပြီး ပစ္စည်းတွေခိုးယူ