ဖျာပုံမြို့မှာ ကိုဗစ်အတည်ပြုလူနာ (၁၂)ဦး တွေ့ရှိ

၁၃၊ ဩဂုတ်လ၊ ၂၀၂၁။

ဖျာပုံမြို့မှာ ဒီကနေ့ ကိုဗစ်အတည်ပြုလူနာ (၁၂)ဦးတွေ့ရှိ​ပြီး အတည်ပြုလူနာ(၁)ဦးသေဆုံး တယ်လို့သိရပါတယ်။

ဖျာပုံခရိုင်ဆေးရုံကြီးမှာ စစ်ဆေးချက်အရ သမိန်ထောကျေးရွာမှ (၁)ဦး၊ သမိန်ထောသိမ်ကုန်းကျေးရွာမှ (၁)ဦး၊ ဂျိုဝါကြံခင်းကျေးရွာမှ (၁)ဦး၊ ကျုံကဒွန်းကျေးရွာမှ (၂)ဦး၊ ခါးပြတ်ကျေးရွာ၊ ဒေါ်ညိမ်းကျေးရွာအုပ်စုမှ (၇)ဦးတို့မှာ စစ်ဆေးတွေ့ရှိခဲ့တယ်လို့သိရပါတယ်။

ဖျာပုံခရိုင်ပြည်သူ့ဆေးရုံကြီးမှာ ကိုဗစ် အတည်ပြုလူနာစုစုပေါင်း (၆၄၆) ဦး၊ ဆေးရုံဆင်းခွင့်ရရှိသူစုစုပေါင်း(၄၂၆)ဦးရှိကာ အတည်ပြုလူနာ သေဆုံးသူပေါင်း (၆၀)ဦးရှိတယ်လို့သိရပါတယ်။