ပုသိမ်ကြီးလျှပ်စစ်ရုံး ဗုံးပေါက်ကွဲ

၃၊ အောက်တိုဘာလ၊ ၂၀၂၁။

မန္တလေးတိုင်း၊ပုသိမ်ကြီးမြို့နယ်လျှပ်စစ်ရုံးမှာ ယမန်နေ့ညဦးပိုင်းက ပေါက်ကွဲမှုဖြစ်ပွားခဲ့ပေမဲ့ လူထိခိုက်မှုမရှိ ဘူးလို့သိရပါတယ်။

ပုသိမ်ကြီးမြို့၊ရန်ကင်းသာယာရပ်ကွက်အတွင်းရှိ မြို့နယ်လျှပ်စစ်ရုံးကို ယမန်နေ့ည၇နာရီခွဲ လောက်မှာ ဒေသခံပြောက်ကျားတပ်ဖွဲ့က လက်လုပ် ဗုံးနဲ့ခြောက်လှန့်သတိပေးတဲ့သဘော ပစ်သွင်းခဲ့တယ်လို့ ပုသိမ်ကြီးမြို့ခံ တက်ကြွလှုပ်ရှားသူတစ်ဦးကဆိုပါတယ်။

‘လူငယ်နှစ်ဦးဆိုင်ကယ်နဲ့လာပြီး ဗုံးပစ်သွင်းသွားတာ။တင်လူမထိအောင် ခြောက်လှန့်တဲ့သဘော ပစ်တာလို့ သိရ တယ်။လျှပ်စစ်ရုံးက ပြတင်းပေါက်မှန်တွေပဲကွဲတယ်။’လို့ သူကပြောပါတယ်။

လက်ရှိတာဝန်ထမ်းဆောင်နေတဲ့ လျှပ်စစ်ဝန်ထမ်းတချို့က မီတာခတွေပေးဖို့ ပြည်သူကိုဖိအားပေးနေတာကြောင့် နောက်နောင်ပြည်သူကို ဖိအားပေးတာမျိုးထပ်မလုပ်မိစေဖို့ လူမထိအောင် ခြောက်လှန့်ပစ်ခတ်တာလို့ ဆိုပါတယ်။

ပေါက်ကွဲမှုဖြစ်ပြီးမကြာမီ အကြမ်းဖက်လက်နက်ကိုင်တပ်ဖွဲ့ရောက်လာပြီး ရှာဖွေစစ်ဆေးခဲ့ပေမဲ့ ဗုံးပစ်သွင်းတဲ့ လူ ငယ်တွေကို မမိဘူးလို့သိရပါတယ်။