ဒီနေ့ကန်ဒေါ်လာစျေး ၂၄၅၀ဝန်းကျင်ရှိပြီး လာရောင်းသူအတန်အသင့်ရှိ

၂၊ အောက်တိုဘာလ၊ ၂၀၂၁။

ဒီနေ့ရဲ့ဒေါ်လာစျေးဟာ ၂၄၅၀ကျပ်ဝန်းကျင်မှာရှိနေပြီး ငွေလဲကောင်တာဆွေဆီ လာရောင်းသူအတန်အသင့် ရှိတယ်လို့သိ ရပါတယ်။

ဒေါ်လာရောင်းသူတွေဟာ အရင် တစ်ဒေါ်လာပေါက်စျေး ၁၅၀၀ကျော်တုန်းက ဝယ်သိမ်းထားသူတွေများပြီး နောက်ထပ်ဒေါ်လာစျေးဆက်တက်နိုင်တာကိုသံသယဖြစ်နေတာရော ငွေကြေးအခက်အခဲရှိတာကြောင့်ပါ ငွေလဲကောင်တာတွေမှာ လာရောင်းတာလို့ ရန်ကုန်မြို့၊ရွှေဘုံသာလမ်းအခြေစိုက် ဒေါ်လာပွဲစားတစ်ဦးကပြော ပါတယ်။

‘အဝယ်နဲ့အရောင်းကြား စျေး၂၀၀လောက်တော့ကွာတယ်။ဒီနေ့အဝယ်စျေး ၂၄၅၀မှာ ရောင်းရင် ကောင်တာ ကောင်းနဲ့ချိတ်မိတဲ့သူက ၂၃၅၀ လောက်ရတယ်။အဝယ်နဲ့အရောင်း ၁၀၀လောက်ပဲဟတာပေါ့။များသောအား ဖြင့် အရောင်းကို ၂၂၀၀လောက်ပဲပေးတာများတယ်။ကိုယ့်ဘာသာရောင်းချင်ရောင်းဆိုတာမျိုးပေါ့’လို့ သူကပြောပါ တယ်။

လတ်တလောရန်ကုန်အရောင်းအဝယ်စျေးကွက်မှာ လှုပ်ခတ်နေတာဆိုလို့ ဒေါ်လာနဲ့ရွှေသာရှိပြီး အလုပ်အကိုင် ပျက်တဲ့သူ ပိုများလာတာကြောင့်လည်း ဒေါ်လာနဲ့ရွှေစျေးကွက်ဟာ ယောက်ယက်ခတ်နေတာပါ။

‘အခု ၁ရက်နေ့ကစလို့ တရုတ်နိုင်ငံမှာ တစ်ပတ်တာ အလုပ်ပိတ်လို့ တရုတ်နယ်စပ်ကုန်သွယ်ရေးလည်းမရှိ ဘူး။ အဲဒါကြောင့် ငွေစျေးက တန်းနေဦးမယ်ထင်တယ်’လို့သူက ဆိုပါတယ်။

ရန်ကုန်တိုင်းဒေသကြီးရွှေလုပ်ငန်းရှင်အသင်းက ဒီနေ့ညနေ၃နာရီအချိန် အကယ်ဒမီမီးလင်းရွှေ အပိတ်စျေးမှာ နှစ်ဆယ်သိန်းတစ်သောင်းသုံးထောင်ဖြစ်ပြီးယမန်နေ့စျေးမှာ နှစ်ဆယ်သိန်းသုံးသောင်းဖြစ်ပါတယ်။

Delta News Agency

Read Previous

မုံရွာအိမ်တစ်အိမ် စစ်တပ်ဝင်စီး၊လူမတွေလို့ အိမ်မီးရှို့

Read Next

ပုသိမ်ကြီးလျှပ်စစ်ရုံး ဗုံးပေါက်ကွဲ