ရန်ကုန်မြို့၊ထန်းတပင်မြို့နယ်နဲ့သင်္ဃန်းကျွန်းမြို့နယ်တွေက ပုဂ္ဂလိက ဆေးရုံ၊ဆေးခန်းတွေမှာ CDMဝန်ထမ်းတွေအလုပ်လုပ်ကိုင်နေတာရှိ၊မရှိ ဇန်နဝါရီ ၂၈ရက် ဒီကနေ့မှာ စစ်ကောင်စီက ရှာဖွေစစ်ဆေးမှုတွေလုပ်ခဲ့တယ်လို့ ဒေသခံတွေ၊ဆေးရုံဝန်ထမ်းတွေနဲ့နီးစပ်သူတွေဆီကသိရပါတယ်။ ထန်းတပင်မြို့နယ် မြို့မဈေးလမ်း၊ အမှတ် (၃)ရပ်ကွက်၊ချောင်းကြီးကိုတာလမ်းအနီးက ထန်းတပင်အထူးကုဆေးခန်းကို စစ်ကောင်စီက ဒီကနေ့မနက်ပိုင်းမှာ စစ်ဆေးမေးမြန်းမှုတွေလုပ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ” ကျွန်တော်တို့အလုပ်ကိုအသွားမှာ လမ်းမှာ ကားတွေကိုတစ်စီးချင်းစစ်ဆေးနေတော့ မသင်္ကာလို့ ကြည့်လိုက်တော့ ဆေးရုံတစ်ခုကိုဝင်စစ်နေတာကိုတွေ့ လိုက်တယ်”လို့ ထန်းတပင်မြို့နယ်နေဒေသခံတဦးကပြောပါတယ်။ ဒါ့အပြင် စစ်ကောင်စီက သင်္ဃန်းကျွန်မြို့နယ်၊၇ ရပ်ကွက်က ပုဂ္ဂလိကဆေးရုံတချို့ကိုလည်း ဒီကနေ့မနက်ပိုင်းက…
Read Moreဆိုမာလီယာ အခြေစိုက် အိုင်အက်စ် စစ်သွေးကြွ အဖွဲ့ခွဲရဲ့ ခေါင်းဆောင်ကို အမေရိကန် အထူးကွန်မန်ဒိုတွေက ရှုပ်ထွေးလှတဲ့ လှိုဏ်ဂူ ကွန်ရက် တစ်ခုထဲမှာ သုတ်သင် ရှင်းလင်းနိုင်ခဲ့ကြောင်း သိရပါတယ်။ ဒေသဆိုင်ရာ အိုင်အက်စ် ခေါင်းဆောင်ဖြစ်တဲ့ ဘီလယ်လ် အယ်လ် ဆူဒန်နီနဲ့ တခြား အိုင်အက်စ် အဖွဲ့သား ၁၀ ဦးကို ဆိုမာလီယာ မြောက်ပိုင်းမှာ ရှင်းလင်းပစ်နိုင်ခဲ့တယ်လို့ အမေရိကန် အရာရှိတွေက အခု သီတင်းပတ်ကုန်မှာ ကြေညာပါတယ်။ အယ်လ်…
Read Moreစစ်ကိုင်းတိုင်း၊မုံရွာမြို့မှာ ဇန်နဝါရီ (၂၁)ရက် မနေ့ က ညပိုင်းက ကုန်စုံဆိုင်တခု ဓားပြတိုက်ခံရပြီး ဆိုင်ရှင်အမျိုးသားလည်း သတ်ဖြတ်ခံရတယ်လို့ ဒေသခံတွေကပြောပါတယ်။ မုံရွာမြို့နယ်၊ အောင်ချမ်းသာရပ်ကွက်၊ ဗဟိုလမ်းမှာ ဖွင့်လှစ်ထားတဲ့ ” ချမ်းမြေ့သုခကုန်စုံဆိုင်” မှာ မနေ့က ည ၇ နာရီလောက်က ဓားပြမှု ဖြစ်ခဲ့ပြီး ဆိုင်ပိုင်ရှင်ဇနီးမောင်နှံနှစ်ဦး ဓားခုတ်ခံရကာ အမျိုးသားဖြစ်သူ သေဆုံးသွားတာပါ။ အဲဒီ ဆိုင်ကိုဆိုင်ကယ် လေး စီးနဲ့…
Read Moreတနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်ကသကျက်တောနယ်မြေရဲစခန်းကို စစ်အုပ်စုက စွန်ခွာသွားခဲ့အပြီးရက်ပိုင်းအကြာမှာ ဒေသကာကွယ် ရေးတပ်ဖွဲ့တွေက မီးရှို့ဖျက်ဆီးလိုက်ပါတယ်။ “ညက မီးရှို့သွားတာပါ၊ သူတို့ဟာ သူတို့လာပြီး ရှို့သွားတာပဲ၊ အကုန်လုံးတော့ လောင်သွားတာပေါ့” လို့ သကျက်တော ဒေသခံတဦးကDNA ကို ပြောပါတယ်။ အဲ့ဒီရဲစခန်းကို ဇန်နဝါရီ ၁၆ ရက် ည ၁၁ နာရီမှာ ဒေသကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေက မီးရှို့ဖျက်ဆီးလိုက်တယ်လို့ လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဒီကနေ့ထုတ်ပြန်ပါတယ်။ သကျက်တောနယ်မြေရဲစခန်းဟာဝင်ရောက်စီးနင်းတိုက်ခိုက်ခံရတာ၊အဲ့ဒီစခန်းမှာတပ်စွဲထားတဲ့စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေ…
Read Moreစစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့ထဲက လယ်ကြီးကျေးရွာနဲ့ နတ်ခရိုင်ရွာကြားမှာ ဒီကနေ့ ဇန်နဝါရီ ၁၂ ရက်မနက်ပိုင်းက သံချပ်ကာကွယ်ရေးဌာနချုပ် ၇၂ တပ် (ဒေသအခေါ် ခြေတော်ရာတပ်တွင်း)က စစ်ကောင်စီတပ်သား ၄ဦးမိုင်းဆွဲတိုက်ခိုက်ခံရပြီး ၂ဦးသေဆုံးတယ်လို့ Zero ပြောက်ကျား တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။ “အရာရှိတွေစားဖို့အတွက် ရံဖန်ရံခါမနက်ခင်းကို စစ်ကိုင်းမုံရွာလမ်းပေါ်မှာရှိတဲ့ စားသောက်ဆိုင်တွေကိုလှမ်းလှမ်းပြီးတော့ဝယ်လေ့ရှိတာပေါ့။အဲ့ဒါကို ကျွန်တော်တို့က သတင်းသိထားတော့ အဲ့ဒါကိုစောင့်ဆိုင်းတာပေါ့။၅ရက်မြောက်နေ့မှာ တိုက်တိုက်ဆိုင်ဆိုင်ပဲ ဆိုင်ကယ်နှစ်စီးနဲ့ လက်နက်အပြည့်အစုံနဲ့ လာတယ်။သူတို့လာတယ်ဆိုတာ သတင်းရတော့ အပြင်းစားမိုင်းသုံးလုံးနဲ့ လမ်းပေါ်မှာချပြီး ထိထိမိမိနဲ့…
Read Moreချင်းပြည်နယ်၊ မတူပီမြို့ အခြေစိုက် စစ်ကောင်စီ တပ်ရင်းတခုဖြစ်တဲ့ ခလရ(၃၀၄)စစ်ဆေးရေးဂိတ်ကို CDF မတူပီက ဇန်နဝါရီ (၄)ရက် မနေ့က သွားရောက်တိုက်ခိုက်ခဲ့ပြီးနောက် စစ်ကောင်စီဘက်က လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်မှုတွေလုပ်ခဲ့တယ်လို့ ဒေသခံတွေက DNA ကိုပြောပါတယ်။ “လက်နက်ကြီး လက်နက်ငယ်တွေ တောက်လျှောက်ပစ်နေကြတယ်၊နေလို့ကိုမရဘူး၊ဖုန်းလိုင်းကော မီးတွေကော ဖြတ်ကြတယ်”လို့ မတူပီ ဒေသခံတဦးက ပြောပါတယ်။ မတူပီ-ပလက်ဝလမ်းမှာ အခြေစိုက်တဲ့ ခလရ(၃၀၄) စစ်ဆေးရေးဂိတ်ကို မနေ့က ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်က တဦးသေ၊…
Read Moreစစ်ကောင်စီကနှစ်ကြိမ်တိုင်တိုင်ဖမ်းဆီးထားတဲ့ အလွတ်တန်းသတင်းထောက် ကိုစိုးရာဇာထွန်း ကိုအကြမ်းဖက်မှုတိုက်ဖျက်ရေးပုဒ်မနဲ့ စွပ်စွဲပြီး ထောင် ၄ နှစ်ထပ်မံချမှတ်လိုက်တယ်လို့ မိသားစုနဲ့နီးစပ်သူတွေကပြောပါတယ်။ ကိုစိုးရာဇာထွန်းဟာဆိုရင် ပြည်တွင်းမှာစစ်အာဏာသိမ်းပြီးနောက်ပိုင်းဆန္ဒပြပွဲတွေကိုသတင်းယူရင်းဖမ်းမတ်လထဲမှာ ဖမ်းဆီးခံလိုက်ရပြီး၄လအကြာမှာစစ်ကောင်စီရဲ့လွတ်ငြိမ်းချမ်းသာခွင့်နဲ့ပြန်လွတ်လာခဲ့ပြီးနောက်တကြိမ်ပြန်လည်ဖမ်းဆီးတာခံလိုက်ရတာဖြစ်ပါတယ်။ “ခုက ၅၂ က အကြမ်းဖက်ပုဒ်မနဲ့အင်းစိန်ထောင်တွင်းတရားရုံးကအမိန့်ချလိုက်တာ။ ကျန်းမာရေးက ကောင်းပါတယ်၊သူအလွတ်တန်းသတင်းထောက်တယောက်အနေနဲ့လုပ်သင့်လုပ်ထိုက်တာကိုလုပ်နေရင်းဖမ်းဆီးခံရတာပါ’’ လို့ ကိုစိုးရာဇာထွန်းရဲ့မိသားစုဝင်တဦးက DNA ကိုပြောပါတယ်။ ပြည်တွင်းမှာ စစ်တပ်အာဏာသိမ်းပြီးကတည်းက စစ်ကောင်စီဟာ သတင်းမီဒီယာတွေကို လိုင်စင်ပိတ်သိမ်းပြီး သတင်းသမားတွေကို ပုံစံမျိုးစုံနဲ့ဖမ်းဆီးမှုတွေလုပ်ခဲ့ပါတယ်။ စစ်အာဏာသိမ်းပြီးနောက် သတင်းထောက် ၁၄၀ ကျော်ဖမ်းဆီးခံလိုက်ရပြီး တချို့ကိုပြန်လွှတ်ပေးခဲ့ပေမယ့်လက်ရှိအချိန်ထိ အကျဉ်းထောင်တွေထဲမှာ…
Read Moreအကြမ်းဖက်မှုတွေကျူးလွန်နေတဲ့ မြန်မာ စစ်တပ်ကို အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး ( ICC ) က အရေးယူပေးဖို့ ကုလသမဂ္ဂ အရာရှိ ဟောင်းတွေနဲ့ ဖွဲစည်းထားတဲ့ မြန်မာနိုင်ငံဆိုင်ရာအကြံပေးကောင်စီ ( SAC – M) က ဒီဇင်ဘာ ၁၅ ရက်မှာထုတ်ပြန်တောင်းဆိုလိုက်ပါတယ်။ “တရားမျှတမှုရရှိနိုင်တဲ့လမ်းကြောင်းတွေ အခု ရှိနေတာတောင် ပြည်သူတွေအပေါ် ရိုင်းရိုင်း စိုင်းစိုင်းပြုမူနေတဲ့ စစ်တပ်ကိုအရေးယူဖို့ ဘာ ကြောင့်နှောင့်နေးနေရတာလဲလို့” အကြံပေး ကောင်စီ အဖွဲ့ဝင်…
Read Moreပြည်တွင်းက ဆန္ဒပြမှုတွေမှာ ဦးဆောင်ပါဝင်ခဲ့သူ လူငယ်တစ်ဦးကို အီရန် အစိုးရက လူမြင်ကွင်းမှာ ကြိုးပေး ကွပ်မျက်ခဲ့ကြောင်း သိရပါတယ်။ အီရန် အာဏာပိုင်တွေက သူတို့ဟာ အသက် ၂၃ နှစ်အရွယ် မာဂျစ်ရက်ဇာ ရာနာဗက်ဒ်ကို မက်ရှ်ဟက်ဒ်မြို့မှာ ဒီဇင်ဘာ ၁၂ ရက် မနက်အစောပိုင်းက ကွပ်မျက်ခဲ့တယ်လို့ အတည်ပြုခဲ့ပါတယ်။ အီရန် တရားရေး ဌာနက ရာနာဗက်ဒ်ဟာ ဘုရားသခင်ကိုရဲ့ အလိုတော်ကို ဆန့်ကျင်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ သေဒဏ်…
Read Moreစစ်ကိုင်းတိုင်း၊ ကလေးမြို့တောင်ပိုင်းမှာ မနေ့ဒီဇင်ဘာ ၁၀ ရက်နေ့ က မြောက်စည်းရွာရဲစခန်းကနေဂိတ်စောင့်ဖို့ထွက်လာတဲ့ စစ်ကောင်စီတပ်သားတွေနဲ့ ရဲတပ်သားတွေကို ဒေသကာကွယ်ရေးတပ်ဖွဲ့တွေကစောင့်ကြိုတိုက်ခိုက်ခဲ့တာကြောင့် ရဲတပ်သား ၃ဦးသေဆုံးခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။ ” မနက်အစောကြီး ပစ်ခတ်သံတွေတော်တော်ကျယ်တယ်။ အပြန်အလှန်ပစ်ကြတာဆိုတော့။ တော်တော်ကြာတော့ သူတို့ဘက်(စကစ) ကရှောက်ပစ်တဲ့တဖက်ပစ်သံပဲကြားရတော့တာ။ ရဲသုံးယောက်သေတယ်။ ဒဏ်ရာရတဲ့သူတွေလည်းရှိတယ်လို့ကြားတယ်” လို့ ဒေသခံတဦးက ပြောပါတယ်။ အဆိုပါတိုက်ခိုက်မူကို CDF – KKG ကလုပ်ဆောင်ခဲ့တာဖြစ်ပြီး တိုက်ခိုက်မှုမှာ ရဲတပ်သား၃ဦးသေဆုံးတဲ့အကြောင်းကိုလည်း CDF…
Read More