
အနုဆွန်တမာဟိုင်ဟာ အဲ့ဒီမတိုင်ခင်မှာ အဆိုပါအခမ်းအနားကို လေ့လာဖို့နဲ့ လွှတ်တော်ဥက္ကဌကနေတဆင့် ဦးမင်းအောင်လှိုင်ဆီကို စာတစောင်ပေးဖို့ ရောက်ရှိလာခဲ့တာလို့ ဆိုပါတယ်။
၇ ၊ ဩဂုတ်
ဒီကနေ့ ဩဂုတ်လ ၇ရက်နေ့ မနက်ပိုင်းက မြန်မာစစ်အစိုးရခေါင်းဆောင် ဦးမင်းအောင်လှိုင် ထိုင်းလွှတ်တော်ကို ရောက်လာချိန် People’s Party ပြည်သူ့ပါတီ လွှတ်တော်အမတ် အနုဆွန်တမာဟိုင်က အော်ဟစ်ဆန္ဒပြခဲ့ပါတယ်။
ရုပ်သံဗီဒီယိုဖိုင်တွေအရ ဦးမင်းအောင်လှိုင်နဲ့ လွှတ်တော်ဥက္ကဋ္ဌတို့ ဓာတ်ပုံရိုက်ကူးဖို့ ရပ်နေချိန်မှာပဲ
အဆိုပါ လွှတ်တော်အမတ်က ငြိမ်းချမ်းရေးနဲ့ လူသားချင်းစာနာမှု စတဲ့ စကားလုံးတွေကို ထပ်တလဲလဲ အော်ဟစ်ပြောဆိုခဲ့တာပါ။
အဲ့ဒီနောက်မှာတော့ လုံခြုံရေးတွေက လွှတ်တော်အမတ် အနုဆွန်တမာဟိုင် ကို အခမ်းအနားနေရာကနေ အပြင်ဆွဲထုတ်သွားခဲ့ပါတယ်။
အနုဆွန်တမာဟိုင်ဟာ အဲ့ဒီမတိုင်ခင်မှာ အဆိုပါအခမ်းအနားကို လေ့လာဖို့နဲ့ လွှတ်တော်ဥက္ကဌကနေတဆင့် ဦးမင်းအောင်လှိုင်ဆီကို စာတစောင်ပေးဖို့ ရောက်ရှိလာခဲ့တာလို့ ဆိုပါတယ်။
အဲဒီစာထဲမှာ နယ်စပ်ဖြတ်ကျော် ပြဿနာတွေကို အရေးပေါ်အရေးယူဆောင်ရွက်ဖို့နဲ့ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ပြန်လည်ဖော်ဆောင်ရေးအတွက် ကူညီပေးဖို့ တောင်းဆိုထားတယ်လို့ သိရပါတယ်။
ဦးမင်းအောင်လှိုင်ရဲ့ ထိုင်းနိုင်ငံခရီးစဉ်ဟာ ထိုင်းလူ့အခွင့်အရေးအဖွဲ့တွေနဲ့ မြန်မာ့အရေးလှုပ်ရှားသူတွေရဲ့ ဝေဖန်မှုကို ခံနေရပြီး သူတို့က လက်ရှိဖြစ်ပွားနေတဲ့ ပဋိပက္ခနဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းအပေါ် မြန်မာစစ်တပ်ကို ပိုမိုဖိအားပေးဖို့ တောင်းဆိုထားကြပါတယ်။
Ref – Khaosod English
#DeltaNewsAgency #DNA