မုံရွာအိမ်တစ်အိမ် စစ်တပ်ဝင်စီး၊လူမတွေလို့ အိမ်မီးရှို့

၂၊ စက်တင်ဘာလ၊ ၂၀၂၁။

စစ်ကိုင်းတိုင်း၊မုံရွာမြို့၊မဂ္ဂင်ဘုန်းကြီးကျောင်းနားကအိမ်တစ်အိမ်ကို စစ်တပ်ကဝင်ရောက်စီးနင်းခဲ့ပြီး လူကိုမတွေ့လို့ အိမ်မီးရှို့သွားပါတယ်။

မုံရွာမြို့၊အက်တောရပ်ကွက်၊မဂ္ဂင်ကျောင်းအနီးက အိမ်တစ်အိမ်ကို ဒီနေ့ညနေ၃နာရီခွဲလောက်မှာ စစ်တပ်က သေနတ်ပစ်ဖောက် ကာ ဝင်စီး ခဲ့တာပါ။

‘အိမ်ကိုမဝင်ခင် အိမ်ထဲကို သေနတ်၉ချက်လောက်ပစ်တယ်။အိမ်ထဲကနေ ဘာတုံ့ပြန်သံမှ မကြားတော့ အိမ်ထဲ ဝင်ရှာတယ်။ဘယ်သူမှ မတွေ့တော့ ဆိုင်ကယ်တွေနဲ့ ပစ္စည်းတချို့သယ်ပြီး အိမ်ကိုမီးရှို့ပြီး ထွက်သွားတယ်’လို့ မုံရွာမြို့ခံတစ်ဦးကပြောပါတယ်။

စစ်တပ်ဟာ စစ်ကား၁၀စီးကျော်နဲ့ ရောက်လာတာဖြစ်ပြီး လမ်းဟိုဘက်ဒီဘက်ထိပ်ကို စစ်ကားတွေနဲ့ ပိတ်ဆို့ လုံ ခြုံရေးယူပြီးမှ အိမ်ကိုဝင်စီးတာပါ။

‘ပြောက်ကျားလူငယ်တွေရှိနေတယ်လို့ သတင်းရလို့ လာတာ။သူတို့ဗုံးစာမိမှာစိုးလို့ အိမ်ထဲမဝင်ခင် သေနတ်နဲ့ပစ်တာ။လူငယ်တွေက စစ်ကားတွေလာတာ ကြိုတင်သ တင်းဦးသွားလို့ အဲဒီအိမ်ထဲကနေ စစ်တပ်မရောက်ခင် ထွက်သွားကြတာ’လို့ သူကဆက်ပြောပါတယ်။