စစ်အုပ်စုရဲ့ ဒုတပ်ကြပ်တစ်ဦးကို KGZ ဖမ်းဆီးရမိ

၃၊ အောက်တိုဘာလ၊ ၂၀၂၁။

ဒီးမော့ဆိုမြို့နယ်အတွင်းမှာ စုံစမ်းထောက်လှမ်းရေးလုပ်ဆောင်နေတဲ့ အကြမ်းဖက်စစ်အုပ်စုရဲ့ ဒုတပ်ကြပ်သိန်းဇော်ဆိုသူကို Karenni Generation Z. (KGZ) အထူးတပ်ဖွဲ့က အောက်တိုဘာလ ၂ရက်နေ့ ညနေပိုင်းမှာ ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။

ဖမ်းဆီးရမိသူဟာ ရှမ်းပြည်နယ် တောင်ကြီးမြို့ အခြေစိုက် အဆင့်မြင့်ဆက်သွယ်ရေးတပ်ရင်း အဆရ(၁၀)က ဒုတပ်ကြပ်အဆင့်ရှိသူဖြစ်ပြီး တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားနေတဲ့ ဒီးမော့ဆိုမြို့နယ် ကုန်းသာကျေးရွာအနီးကို လာရောက်စုံစမ်းထောက်လှမ်းနေသူလို့ ယူဆရ​ေ​ြကာင်း KGZက သတင်းထုတ်ပြန်ထားပါတယ်။

ကုန်းသာကျေးရွာအနီး စစ်ဆေးရေးဂိတ်မှာ မသင်္ကာဖွယ်လုပ်ဆောင်နေလို့ တားဆီးစစ်ဆေးရာမှ အိတ်အတွင်းမှာ ဖွက်ထားတဲ့ တပ်ဝတ်စုံနဲ့အတူ ဖုန်းတစ်လုံးကိုပါ သိမ်းဆည်းရမိခဲ့တာပါ။

KGZ အဖွဲ့က ဖမ်းဆီးရမိသူကို ကောင်းမွန်စွာ ထိန်းသိမ်းထားပြီး စစ်ဆေးမှုတွေကို လုပ်ဆောင်နေတယ်လို့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

Delta News Agency

Read Previous

ဝင်းရေးမြို့မှာ စစ်အုပ်စုရဲ့ စစ်ဆေးရေးအဖွဲ့ ဗုံးထိ

Read Next

မုံရွာအိမ်တစ်အိမ် စစ်တပ်ဝင်စီး၊လူမတွေလို့ အိမ်မီးရှို့