ဝင်းရေးမြို့မှာ စစ်အုပ်စုရဲ့ စစ်ဆေးရေးအဖွဲ့ ဗုံးထိ

၃၊ အောက်တိုဘာလ၊ ၂၀၂၁။

KNU ထိန်းချုပ်နယ်မြေဖြစ်တဲ့ ဒူးပလာယာခရိုင် ဝင်းရေးမြို့နယ် (ဘုရားဆုံးဆူမြို့)မှာ အကြမ်းဖက်စစ်အုပ်စုရဲ့ လက်အောက်ခံ ခမရ(၂၈၄) တပ်ရင်းရဲ့ စစ်ဆေးရေးအဖွဲ့ မိုင်းထိသွားတယ်လို့ သိရပါတယ်။

အောက်တိုဘာလ ၂ရက်နေ့က တပ်ရင်းမှူး နေလင်းမောင် ဦးဆောင်တဲ့ ခမရ(၂၈၄) တပ်ရင်းဟာ ဥဒေါင်းကန်ကို ဝင်ရောက်စစ်ဆေးရာမှာ မိုင်းဆွဲခံရတာလို့ ဒူးပလာယာခရိုင်က သတင်းဖော်ပြထားပါတယ်။

ပေါက်ကွဲမှုကြောင့် ဒေသခံ တစ်ဦးသေဆုံးကာ တစ်ဦးထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး အကြမ်းဖက်စစ်အုပ်စုကဝင် ၅ဦးလည်း ဒဏ်ရာတွေ အသီးသီးရရှိခဲ့တယ်လို့ ဒူပလာယာခရိုင်ရဲ့ သတင်းထုတ်ပြန်မှာပါ ပါဝင်ခဲ့ပါတယ်။

ထိခိုက်ဒဏ်ရာ ရရှိသူတွေကို မော်လမြိုင်ဆေးရုံကြီးကို ပို့ဆောင်ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။