သတင်းသမားတွေကို ဖမ်းဆီးထားမှု ဆော်ဒီနဲ့မြောက်ကိုးရီးယားကို မြန်မာကျော်တက်

၂၊ အောက်တိုဘာလ၊ ၂၀၂၁။

စစ်အာဏာသိမ်းပြီး ၈လအကြာမှာ မြန်မာနိုင်ငံဟာ သတင်းသမားတွေကို အများဆုံးအကျဥ်းချထားတဲ့ ဆော်ဒီအာရေဗျနဲ့ မြောက်ကိုးရီးယားအဆင့်ထက် ကျော်လွန်သွားပြီလို့ နယ်စည်းမခြားသတင်းသမားများအဖွဲ့ (RSF)ကထုတ်ပြန်ပါတယ်။

သတင်းသမားတွေကို ဖမ်းဆီးမှုဟာ မြန်မာနိုင်ငံအပေါ်မှာ တရုတ်နိုင်ငံသာကျန်တော့တယ်လို့လည်းသိရပါတယ်။

RSFရရှိထားတဲ့စာရင်းအရ အာဏာသိမ်း၈လတာအတွင်း သတင်းသမား ၁၀၀လောက်အဖမ်းခံခဲ့ရပြီး ၅၃ဦးထက် မနည်း ထောင်ချခံထားရတယ်လို့ သိရပါတယ်။

အဖမ်းခံရသူတွေထဲကအများစုဟာ အာဏာသိမ်းပြီးပထမလေးလအတွင်းဖြစ်ပေါ်ခဲ့တဲ့ ဆန္ဒပြပွဲကြီးတွေမှာ သ တင်းရယူရင်း အဖမ်းခံရတာလို့ သိရပါတယ်။

အာဏာသိမ်းပြီးနောက် ပြည်တွင်းမှာ တရားဝင်ရပ်တည်နေတဲ့မီဒီယာအနည်းငယ်သာကျန်တော့တဲ့အတွက် သ တင်းသမားအများစုဟာ အလုပ်လက်မဲ့ဖြစ်နေကြပြီး စားဝတ်နေရေးအတွက် ကြုံသလို ရပ်တည်နေရသူတွေပင်ရှိ လာပါတယ်။

‘သတင်းသမားတချို့ကတော့ လစာရသတင်းထောက် ဆက်လုပ်တုန်းပဲ၊အနည်းငယ်ပေါ့။တချို့က (သတင်း)အ ပုဒ်စား၊တချို့ကပရောဂျက်အသေးလေးတွေလုပ်တယ်။ပြုတ်ပြီးအလုပ်လက်မဲ့ကများတယ်’လို့ လက်ရှိရန်ကုန်အ ခြေစိုက်သတင်းသမားတစ်ဦးကပြောပါတယ်။

ပြည်တွင်းကသတင်းသမားတွေ လက်ရှိရင်ဆိုင်နေရတဲ့ အဓိကစိန်ခေါ်မှုမှာ အချိန်မရွေးဖမ်းဆီးနှိပ်စက် ထောင် ချခံရမှာပဲဖြစ်တယ်လို့လည်း သူကဆက်ပြောပါတယ်။

‘ကိုယ့်သတင်းကိုယ်၊ကိုယ့်ကလောင်နာမည်ရဲရဲတပ်ပြီး မရေးရဲတော့ဘူး။ကိုယ်ဘယ်သတင်းစာကလို့ ရဲရဲပြော ပြီး သတင်းဖြစ်စဥ်မှာပါသူတွေကို သတင်းလိုက်မမေးရဲတော့ဘူး’လို့ ပြည်တွင်းကသတင်းသမားတွေရဲ့ အခြေအနေ တွေကို သူကပြောပြပါတယ်။

မြန်မာသတင်းသမားတွေရဲ့ သတ္တိနဲ့ရုန်းကန်လှုပ်ရှားမှုတွေကို မေ့ပစ်လို့မရဘူးလို့လည်း RSF ကထုတ်ပြန်ပါတယ်။

RSF အဖွဲ့ရဲ့ ကမ္ဘာ့စာနယ်ဇင်းလွတ်လပ်ခွင့် အညွှန်းကိန်းမှာ နိုင်ငံပေါင်း၁၈၀အနက် မြန်မာနိုင်ငံဟာ အဆင့် ၁၄၀ မှာရှိပါတယ်။