ကိုဗစ်မျိုးကွဲသစ် MU (မူ)ကို ဂျပန်မှာ စတင်​တွေ့ရှိ

၂၊ စက်တင်ဘာလ၊ ၂၀၂၁။

COVID-19 မျိုးဗီဇကွဲ MU(မူ) လို့ခေါ်တဲ့ မျိုးကွဲသစ်ဟာ ဂျပန်နိုင်ငံမှာလည်း တွေ့ရှိနေပြီဖြစ်တယ်လို့ သတင်းတွေက ဖော်ပြပါတယ်။

လက်ရှိမှာတော့ MU(မူ) မျိုးကွဲသစ် တွေ့ရှိနေတဲ့ နိုင်ငံပေါင်း အနည်းဆုံး (၃၉) နိုင်ငံအထိ ရှိလာပြီဖြစ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (WHO) က စောင့်ကြည့်မှုတွေ ပြုလုပ်နေပါတယ်။

ဂျပန်ကျန်းမာရေး ဝန်ကြီးဌာနကတော့ MU(မူ) မျိုးကွဲသစ်ကို နိုင်ငံတွင်း လေဆိပ် (၂) ခုဆီ ရောက်လာတဲ့ ခရီးသွား (၂) ဦးဆီမှာ တွေ့ရှိခဲ့တာဖြစ်တယ်လို့ အသိပေးထားပြီး သူတို့ဟာ ယူ​အေအီး နဲ့ ဗြိတိန်ကနေ ဂျပန်နိုင်ငံကို ရောက်ရှိလာခဲ့သူတွေဖြစ်တယ်လို့ တည်ပြုပြောကြားထားပါတယ်။

 

ပြီးခဲ့တဲ့ ဇန်နဝါရီလ ကိုလံဘီယာမှာစတင်တွေ့ရှိခဲ့တဲ့ MU (မူ) ဗဟာ တောင်အမေရိကနဲ့ ဥရောပမှာ အများဆုံး တွေ့ရှိခဲ့ပေမဲ့ အခုအခါမှာတော့ အာရှနိုင်ငံတွေအထိပါ ရောက်ရှိလာတာ ဖြစ်ပါတယ်။

ဂျပန်နိုင်ငံရဲ့ ကျန်းမာရေး ဝန်ကြီးဌာနကတော့ MU (မူ) မျိုးကွဲရဲ့ အသေးစိတ်အချက်အလက်တွေကို ရှာဖွေစုဆောင်း စောင့်ကြည့်နေပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (WHO) ရဲ့ ထုတ်ပြန်ချက်အရတော့ ကိုဗစ်မျိုးကွဲသစ် MU (မူ) ဟာ ကာကွယ်​ဆေးထိုးလို့ ရရှိလာတဲ့ ကိုယ်ခံအားစနစ်ကို ​ရှောင်လွှဲနိုင်​ခြေရှိတဲ့ သ​န္ဓေ​ပြောင်းလဲမှုရှိတယ်လို့ သတိ​ပေးထားပါတယ်။