ပျဉ်းမနားမှာ နေပြည်တော် PDFနဲ့ စစ်အုပ်စုတို့ တိုက်ပွဲဖြစ်ပြီး စစ်အုပ်စု၁၀ဦးကျော်သေ

၂၊ စက်တင်ဘာလ၊ ၂၀၂၁။

ပျဉ်းမနားမြို့နယ် ပြည်ထောင်ကိုးအုပ်စု ဆိပ်ဖူးတောင်နဲ့ လက်ဘက်တောင်ကျေးရွာအကြား လွန်းထိုးကြီး၊လွန်းထိုးလေးအတက်မှာ ဩဂုတ်လ ၃၀ရက်နေ့ ညနေ ၄နာရီခန့်က အကြမ်းဖက်စစ်အုပ်စုနဲ့ နေပြည်တော် PDFတို့ တိုက်ပွဲဖြစ်ပွါးခဲ့ပြီး စစ်အုပ်စုဝင် ၁၁ဦးခန့် ကျဆုံးခဲ့တယ်လို့ နေပြည်တော် PDFက စက်တင်ဘာလ ၂ရက်နေ့မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်မတော် (နေပြည်တော်) တပ်ရင်း ၈၀၁ တပ်ခွဲ ၄နဲ့ အထူးဒေသလက်နက်ကိုင်တပ်ဖွဲ့တို့ ပူးပေါင်းပြီး စစ်ရေးလှုပ်ရှားမှုဆောင်ရွက်နေစဉ်မှ

ာ အကြမ်းဖက်စစ်အုပ်စုယာဉ်တစ်စင်းနဲ့ ထိတွေ့မှုဖြစ်ပွါးခဲ့ပြီးနောက် စစ်အုပ်စုက အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထပ်ထိုးလာခဲ့တာကြောင့် တိုက်ပွဲဖြစ်ပွါးခဲ့တာလို့ ထုတ်ပြန်ချက်မှာ ပါဝင်ပါတယ်။

နေပြည်တော် PDFအနေနဲ့ ကျဆုံးသူမရှိခဲ့ဘဲ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ပြီး လုံခြုံရေးဆိုင်ရာတွေကို စီမံခန့်ခွဲနေရတာကြောင့် ယခုမှ သတင်းထုတ်ပြန်ရတာဖြစ်တယ်လို့ နေပြည်တော် PDF ကပြောပါတယ်။