မတ္တရာမှာ လက်နက်​အ​မြောက်အများ ဖမ်းမိ

၈၊ ဩဂုတ်လ၊ ၂၀၂၁။

မန္တ​လေးတိုင်း၊ မတ္တရာမြို့နယ်ထဲမှာ သယ်​ဆောင်လာတဲ့ လက်နက်ခဲယမ်း​အ​​မြောက်အများကို စစ်အုပ်စုတပ်က ဒီ​က​နေ့ ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။

လက်နက်တင်​ဆောင်လာတဲ့ သတင်းကြိုရထားလို့ တောင်နီတောင်ခေါင်းကျေးရွာဘက်က မောင်းလာတဲ့ ​ထော်လာဂျီယာဥ်တစ်စီးကို စစ်အုပ်စုတပ်က မသင်္ကာလို့ ရပ်ခိုင်းခဲ့ရာ ​မောင်း​ပြေးသွားခဲ့တယ်လို့ ​​​ကြေးနန်းထုတ်ပြန်စာမှာ ​ဖော်ပြထားပါတယ်။

 

အဲဒီ​နောက် စစ်အုပ်စုတပ်​တွေက လိုက်လံပိတ်ဆို့ဖမ်းဆီးရာ ဆန်အိတ်နှင့်ဖွဲအိတ်​တွေအောက်မှာ သယ်ဆောင်လာတဲ့ K-22 မောင်းပြန်ရိုင်ဖယ်အလက် ၆၀၊ အီနာဂါဗုံးသီး ၈၅ လုံး၊လက်ပစ်ဗုံးအလုံး ၈၀ လုံး၊ လက်နက်ငယ်ကျည် ၈၀၀၀၊ ကျည်ကပ် ၁၁၀နဲ့ စစ်ပစ္စည်း​တွေကို ​တွေ့ရှိခဲ့ပြီး
သယ်ဆောင်လာသူနှစ်ဦးကိုလည်း ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။