ဒီကနေ့ ပုသိမ်ကိုဗစ်လူနာ (၂၃)ဦးသေဆုံး

၆ ၊ ဩဂုတ်လ၊ ၂၀၂၁။

ပုသိမ်မြို့မှာ သြဂုတ်လ ၆ရက်နေ့က ကိုဗစ်လူနာ (၂၃)ဦး သေဆုံးခဲ့တယ်လို့ မနောဖြူ လူမှုကူညီရေးအဖွဲ့ရဲ့ မီးသင်္ဂြိုဟ်မှု မှတ်တမ်းတွေအရ သိရပါတယ်။

ပုသိမ်ဆေးရုံကြီးမှာ ဆေးဝါးကုသမှုခံယူနေရင်း သေဆုံးသူ (၅)ဦး ၊ နေအိမ်တွေမှာ ဆေးဝါးကုသရင်း သေဆုံးခဲ့သူ (၁၈)ဦးရှိခဲ့တယ်လို့ သိရပါတယ်။

 

ကိုဗစ်ကပ်ရောဂါတတိယလှိုင်းအတွင်း ဇူလိုင်လ တလလုံး ပုသိမ်မြို့မှာ ကိုဗစ်ရောဂါကြောင့် သေဆုံးသူ (၈၁၀)ဦး ရှိပြီး သြဂုတ်လဒီနေ့ထိသေဆုံးသူ (၁၀၆)ဦးအပါအ၀င် စုစုပေါင်း (၉၁၆)ဦးထိရှိလာပြီ ဖြစ်ပါတယ်။

Delta News Agency

Read Previous

ဖျာပုံမြို့ (၆)လမ်းဗလီက အောက်ဆီဂျင်တိုင်းစက်တွေကို ခြောက်ထောင်နှုန်းနဲ့ ရောင်းချပေး

Read Next

ဒရုန်းနဲ့ ထောက်လှမ်းရေးလုပ်နေတဲ့ စစ်အုပ်စုတပ်သားတစ်ဦးကို PDFက အသေဖမ်းမိ