ကျုံပျော်က နေအိမ်တစ်လုံးမှာ လက်နက်ခဲယမ်းတွေ ဖမ်းဆီးမိ

ဧရာဝတီတိုင်း၊ ကျုံပျော်မြို့နယ်အတွင်းရှိ နေအိမ်တစ်အိမ်မှာ လက်နက်ခဲယမ်းတွေကို အကြမ်းဖက်စစ်တပ်က ဖမ်းဆီးမိခဲ့တယ်လို့ သိရပါတယ်။
မတ်လ ၂၇ ရက်နေ့မှာ ကျုံပျော်မြို့နယ်က နေအိမ်တစ်လုံးမှာ လက်လုပ်သေနတ်တွေ၊ စိန်ပြောင်းတွေနဲ့ လက်လုပ်မိုင်းတို့ကို ဖမ်းမိတာဖြစ်ပြီး အဲဒီနေအိမ်မှာ ရှိနေတဲ့ အမျိုးသမီး ၂ ဦးလည်း ဖမ်းဆီးခံခဲ့ရတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
အကြမ်းဖက်စစ်အုပ်စုကလည်း ကျုံပျော်မြို့နယ်၊ ပျော့ကုန်းကျေးရွာက နေအိမ်တချို့မှာ လက်နက်ခဲယမ်းတွေ ဖမ်းမိပြီးနောက် နောက်ဆက်တွဲဖော်ထုတ်ချက်အရ တောက်တဲ့ရိုးရွာရဲ့နေအိမ် ၂ လုံးကနေ ဒရုန်းနဲ့ ဆက်စပ်ပစ္စည်းတွေ၊လက်လုပ်သေနတ်၊ သံပြောင်းနဲ့ ယမ်းထောင်းတံတွေကို ဖမ်းဆီးမိကြောင်း ထုတ်ပြန်ထားပါတယ်။