ဖျာပုံမြို့ (၆)လမ်းဗလီက အောက်ဆီဂျင်တိုင်းစက်တွေကို ခြောက်ထောင်နှုန်းနဲ့ ရောင်းချပေး

၆ ၊ဩဂုတ်လ ၊၂၀၂၁။

ပြင်ပမှာ စျေးနှုန်းမြင့်မားစွာရောင်းချနေတဲ့ အောက်ဆီဂျင်တိုင်းစက်(Oximeter)တွေကို ဖျာပုံမြို့ (၆)လမ်း ဗလီမှာ လရောင်ချယ် လူမှုကူညီရေးအသင်းက ခြောက်ထောင်ကျပ်နှုန်းနဲ့ တစ်ဦးကို တစ်လုံးနှုန်းသတ်မှတ်ပြီး အလုံး(၁၀၀)ကို ဒီကနေ့မနက်ပိုင်းမှာ ရောင်းချပေးခဲ့တယ်လို့ သိရပါတယ်။
“လာဝယ်သူတွေကအရမ်းများတယ်၊ ပြင်ပကဝယ်ရင် နှစ်ဆလောက်ပေးရတာကို၊ (၉)နာရီအတိမှာ စရောင်းပြီး အချိန်တိုအတွင်းပဲ ကုန်သွားပါတယ်၊ ပီတိဖြစ်ရပါတယ် အခုလိုမြင်ရတော့ မရရှိခဲ့တဲ့သူများအတွက်လည်း (၈) ရက်နေ့ သဘက်ခါမှာ ထပ်မံ ရောင်းချပေးသွားပါမယ်”လို့ ကူညီဆောင်ရွက်ပေးသူကပြောပါတယ်။


ဖျာပုံမြို့နယ်အတွင်း လက်ရှိပြင်ပစျေးကွက်မှာ ကျပ်တစ်သောင်းသုံးထောင် ကနေ ကျပ် ခြောက် သောင်းနီးပါးအထိ စျေးနှုန်းမြင့်တက်နေတဲ့ အောက်ဆီဂျင်တိုင်းစက်တွေကို ငွေကျပ်ခြောက်ထောင်နှုန်းနဲ့ ရောင်းချပေးနေတာပဲဖြစ်ပါတယ်။