ကြက်သွန်ဖြူစျေးမြင့်တက်လာပြီး မတ်ပဲနဲ့အာလူးစျေးကျ

၆ ၊ သြဂုတ်လ ၊ ၂၀၂၁ ။

ဘုရင့်နောင် ကုန်စည်ဒိုင်အတွင်းမှာတော့ ဒီကနေ့ ဩဂုတ်လ ၅ရက်နေ့မှာ ကြက်သွန်ဖြူတွေ ဝင်ရောက်မှုနည်းပါးပြီး ဝယ်လိုအားများတာကြောင့် စျေးနှုန်းမြင့်တက်သွားခဲ့ပါတယ်။

၅ရက်ခန့် ဆက်တိုက် စျေးနှုန်းမြင့်တက်ခဲ့တဲ့ မတ်ပဲစျေးကတော့ စျေးကွက်အတွင်း ဝင်ရောက်မှု များပြားလာတာကြောင့် စျေးနှုန်း အနည်းငယ်ပြန်လည်

ကျဆင်းသွားခဲ့ပြီး အာလူးလည်း ကုန်စည်အသစ်တွေ ထပ်မံဝင်ရောက်လာတာကြောင့် စျေးနှုန်းပြန်လည်ကျဆင်းသွားခဲ့ပါတယ်။

ဘုရင့်နောင် ကုန်စည်ဒိုင်အတွင်းမှာ ဒီနေ့ စားသုံးကုန် လက်ကားစျေးနှုန်းတွေကတော့ မတ်ပဲ တစ်တင်း ၃၉၅၈၀ကျပ်၊ ပဲစင်းငုံနီ တစ်တင်း ၃၇၇၈၀ကျပ်၊ ပဲတီစိမ်း တစ်ပိဿာ ၁၆၁၅ကျပ် မှ ၂၁၇၀ကျပ်၊

ဘိုကိတ်ပဲ တစ်ပိဿာ ၁၅၈၀ကျပ် မှ ၁၆၇၀ကျပ်၊ပဲလွန်းဖြူ တစ်ပိဿာ ၂၁၆၅ကျပ် မှ ၂၅၀၀ကျပ်၊ ကြက်သွန်ဖြူ(ကြူကုတ်) တစ်ပိဿာ ၅၈၀၀ကျပ်၊ ကြက်သွန်ဖြူ(ရှမ်း) တစ်ပိဿာ ၁၈၀၀ကျပ် မှ ၃၃၀၀ကျပ်၊ အာလူး (အောင်ပန်း) တစ်ပိဿာ ၄၀၀ကျပ် မှ ၁၁၅၀ကျပ် စျေးနှုန်းတွေ ရှိခဲ့တယ်လို့ သိရပါတယ်။