ဒရုန်းနဲ့ ထောက်လှမ်းရေးလုပ်နေတဲ့ စစ်အုပ်စုတပ်သားတစ်ဦးကို PDFက အသေဖမ်းမိ

၆၊ သြဂုတ်လ၊ ၂၀၂၁။

ရှမ်းပြည်နယ်တောင်ပိုင်း တောတွင်းတစ်နေရာမှာ Drone မောင်းနှင်ပြီးတော့ နယ်မြေထောက်လှမ်းရေးလုပ်နေတဲ့ အကြမ်းဖက်စစ်အုပ်စုက တပ်သားတစ်ဦးကို

ရှမ်းတောင် PDFက အသေပစ်ခတ်ဖမ်းဆီးရမိခဲ့တယ်လို့ PDF Southern Shanstate Generation ဩဂုတ်လ ၆ရက်နေ့မှာ ကသတင်းထုတ်ပြန်ခဲ့ပါတယ်။

“ဒရုန်းလွှတ်ပြီး ရှောင်ကွင်းနေရာရှာတာပါလို့ အသက် မထွက်ခင်ပြောသွားတယ်၊ ပြေးရင် ပစ်ပီးဖမ်း ရမှာကကျနော် တာဝန်၊သို့မဟုတ်ရင် ကျနော်တို့လုံခြုံရေးက အရေးကြီးတယ်၊ ဆေးတော့ကုပေးတယ်၊

သွေးထွက်လွန်ပြီး ဆုံးသွားပြီ၊ အသက်က ၅၄လို့သိရပါတယ်၊လက်မောင်း မှာ၅၁၆လို့ ရေးထားတယ်ဗျာ၊ ဘယ်တပ်ကမသိရ၊ ကျနော်တို့ အနီးအနား လာရင် ပစ်မှာပဲ”လို့ PDF Southern Shanstate Generationက သတင်းထုတ်ပြန်ခဲ့ပါတယ်။

သေဆုံးသွားတဲ့ အကြမ်းဖက်စစ်အုပ်စုဝင် စစ်သားရဲ့ သယ်ယူလာတဲ့ ပစ္စည်းတွေကို စစ်ဆေးရာမှာ GPS စက်တွေကိုပါ တွေ့ရှိရတယ်လို့ သိရပါတယ်။

Delta News

Read Previous

ဒီကနေ့ ပုသိမ်ကိုဗစ်လူနာ (၂၃)ဦးသေဆုံး

Read Next

တရုတ်နယ်စပ်က​နေပြန်လာတဲ့ မြန်မာလုပ်သား သုံးထောင်ကျော်ရှိပြီ