တရုတ်နယ်စပ်က​နေပြန်လာတဲ့ မြန်မာလုပ်သား သုံးထောင်ကျော်ရှိပြီ

၇ ၊ဩဂုတ်လ ၊၂၀၂၁။

တရုတ်နိုင်ငံ ဂျယ်ဂေါင်မြို့ကနေ မြန်မာနိုင်ငံ မူဆယ်မြို့ကို ပြန်လည်ဝင်ရောက်လာကြတဲ့ မြန်မာလုပ်သား ၃ ထောင်ကျော် ရှိပါပြီ။

ဇူလိုင်လ ၂၆ ရက်ကနေ ဩဂုတ်လ ၅ရက်​နေ့အထိအထိ (၁၁)ရက်အတွင်း တရုတ်-မြန်မာနယ်စပ် ဂျယ်ဂေါင်-မူဆယ် နန်းတော်ပေါက် ဂိတ်ကနေ ပြန်ဝင်လာကြတဲ့ အ​ရေအတွက် ဖြစ်ပါတယ်။

ဂျယ်ဂေါင်နဲ့ ရွှေလီမြို့မှာ ကိုဗစ်​ရောဂါ​ကြောင့် အလုပ်တွေ ပိတ်ထားလို့ ပြန်လာကြတာပါ။

ရွှေလီမြို့မှာလည်း ​လော့​ဒေါင်း ပြန်ဖွင့်ပြီး ၆ ရက်အကြာ သြဂုတ် ၃ ရက်မှာ ကိုဗစ်လူနာ ထပ်တွေ့တာ​ကြောင့် ရက်အကန့်သတ်မရှိ ​လော့​ဒေါင်း ပြန်ချလိုက်ပါတယ်။

ဇူလိုင် ၂၆ ရက်ကနေ ဇူလိုင် ၃၁ ရက်အထိ ပြည်​တော်ပြန် မြန်မာလုပ်သား (၁,၃၀၀)​ကျော်နဲ့ သြဂုတ် ၁ ရက်ကနေ ဩဂုတ်လ ၅ရက်​နေ့အထိ (၁,၈၀၀)ကျော် ဝင်ရောက်လာတယ်လို့ ကူညီပေးနေတဲ့ မူဆယ်မြို့ လူသားချင်း စာနာထောက်ထားမှု အကူအညီ ပေးအပ်ရေး ကွန်ယက်ရဲ့စာရင်းအရ သိရပါတယ်။

ဓာတ်ပုံ- လူသားချင်း စာနာထောက်ထားမှု အကူအညီ ပေးအပ်ရေး ကွန်ယက်

Credit – ​ရွှေဖီ​မြေသတင်း​အေဂျင်စီ