အာဆီယံမှာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက မြန်မာ့အရေးဆွေးနွေးမယ်

၃ ၊ သြဂုတ်လ ၊ ၂၀၂၁ ။

အခုသီတင်းပတ်အတွင်း ပြုလုပ်မယ့် အာဆီယံနဲ့ ဆွေးနွေးပွဲမှာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken က မြန်မာအာဏာသိမ်းစစ်တပ်ကို အကြမ်းဖက်မှုတွေ ရပ်တန်ဖို့နဲ့ ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်တည့်မတ်ရေး

ဖိအားပေး ဆွေးနွေးသွားဖို့ ရှိတယ်လို့ အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ ပြောရေးဆိုခွင့်ရှိသူ Ned Price က ပြောပါတယ်။

ဒီသီတင်းပတ်အတွင်း ပြုလုပ်မယ် အာဆီယံနဲ့ ဝန်ကြီးအဆင့် ဗွီဒီယို ကွန်ဖရင့်စည်းဝေးပွဲ ၅ ခုမှာ ဝန်ကြီး Blinken အနေနဲ့ ပါဝင်ဖို့ရှိပြီး မြန်မာ့အရေးအပါအဝင် တောင်တရုတ်ပင်လယ်အရေးနဲ့ ကိုဗစ်ကပ်ရောဂါအရေးတွေကို ဆွေးနွေးသွားမှာပါ။

အဲဒီအစည်းအဝေးတွေကတော့- အမေရိကန်-အာဆီယံ၊ အရှေ့အာရှ ထိပ်သီးအစည်းအဝေး၊ အာဆီယံ ဒေသဆိုင်ရာ ဖိုရမ်၊ မဲခေါင်-အမေရိကန် မိတ်ဖက်နဲ့ မဲခေါင် ဝန်ကြီးများရဲ့ မိတ်ဖက် အစည်းအဝေး စတာတွေဖြစ်ပါတယ်။

“အကြမ်းဖက်မှုတွေကို ချက်ချင်းရပ်တန့်ပြီး မြန်မာနိုင်ငံကို ဒီမိုကရေစီလမ်းကြောင်း ပြန်လည်တည်ဆောက်ဖို့ မြန်မာအာဏာသိမ်းစစ်ကောင်စီကို တောင်းဆိုမှုအပါအဝင် ဒေသတွင်း အရေးကိစ္စတွေ အပေါ် အမေရိကန်က

ဖိအားပေး ရပ်တည်ချက်နဲ့ ကတိကဝတ်တွေကို နိုင်ငံခြားရေးဝန်ကြီး Blinken က ထပ်လောင်းပြောကြားဖို့ရှိပါတယ်။”လို့ ဩဂုတ်လ ၂ရက်က ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ Ned Price က ပြောပါတယ်။