သွေးသောက်အဖွဲ့ဝင်အဖြစ်နာမည်ကြီးနေသူကို ရေကြည်မှာရှင်းလင်

ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်၊ လက်ပံပင်ကျေးရွာရှိ သွေးသောက်အဖွဲ့ဝင် အဖြစ်နာမည်ကြီးနေသူပျူစောထီး တစ်ဦးကို ရှင်းလင်းလိုက်ကြောင်းသိရပါတယ်။
မေလ၂၁ရက်နေ့ ည၇နာရီခွဲလောက်က ပျူစောထီးဆိုသူသန့်ဇင်ဦးကို အိမ်ထဲ သေနတ်နဲ့ ၃ချက် ဝင်ပစ်ခဲ့ ကြောင်း ဧရာဝတီတိုင်းတော်လှန်ရေးသတင်းဌာနက ဒီနေ့မနက်ထုတ်ပြန်ပါတယ်။
သန့်ဇင်ဦးဟာ ဆေးရုံရောက်တဲ့အချိန်မှာ သေဆုံးသွားတယ်လို့သိရပါတယ်။
အဲဒီတိုက်ခိုက်မှုကို ဧရာဝတီတိုင်းရိုးမတိုက်ဂါးPDF အဖွဲ့က ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။
ဧရာဝတီတိုင်းရိုးမတိုက်ဂါးPDF အဖွဲ့ဟာ ဧပြီလ ၂၆ ရက်နေ့ ကလည်း ငါးသိုင်းချောင်းမြို့ မှာ စစ်တပ်က ကင်းပတ်နေစဉ် စစ် သတင်းပေး ထွန်းထွန်းဝင်းရဲ့ ကွမ်းယာဆိုင်အနီး ဖောက်ခွဲမှု ပြုလုပ်ခဲ့ပါသေးသည်။