မြစ်သာမြစ်အရှေ့ဘက်ကမ်းရှိ စစ်ရှောင်စခန်းတွေကို စစ်တပ်က လက်နက်ကြီးနဲ့ပစ်ခတ်၊ထိခိုက်မှု မရှိ

မြစ်သာမြစ်အရှေ့ဘက်ကမ်းရှိ စစ်ရှောင်စခန်းတွေကို အကြမ်းဖက်စစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့ပေ မဲ့ ထိခိုက်မှုမရှိဘူးလို့သိရပါတယ်။
မေလ၂၁ရက်နေ့ကယောဒေသမြောက်ပိုင်း၊ပျူစောထီးအခြေပြုရွာတွေမှာရှိတဲ့အကြမ်းဖက်စစ်တပ်က လက်နက်ကြီးနဲ့အချက်၃၀ကျော် ပစ် ခတ်ခဲ့ရာ မြစ်သာမြစ်အရှေ့ဘက်ကမ်းရှိ စစ်ရှောင်စခန်းအနီးကျရောက်ပေါက်ကွဲခဲ့ပေမဲ့ ထိခိုက်ဒဏ်ရာရသူ မရှိ ဘူးလို့ ယောဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကထုတ် ပြန်ပါတယ်။
အကြမ်းဖက်စစ်တပ်ဟာ ကလေးနဲ့ဂန့်ဂေါကြားမှာ သူတို့လက်ဝေခံပျူစောထီးရွာတွေပေါ်ပေါက်လာရေးအ တွက်ဖိအားပေးအကြပ်ကိုင်ခြိမ်းခြောက်မှုမျိုးစုံ ပြုလုပ်နေတယ်လို့လည်းဆိုပါတယ်။
ခရီးသွားပြည်သူတွေအနေနဲ့ ကလေး-ဂန့်ဂေါလမ်းပိုင်းကို အသုံးမပြုကြဖို့နဲ့ စစ်အုပ်စုဝင်တွေရဲ့ လှုပ်ရှားမှု သတင်းတွေကို မပြတ်နားစွင့်ကာ လုံခြုံရေးသတိနဲ့သာ လှုပ်ရှားသွားလာကြဖို့ လည်းယောဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က အသိပေးတိုက်တွန်းထားပါတယ်။
ဒါ့အပြင် စစ်တပ်၊ရဲနဲ့ ပျုစောထီးတွေရဲ့ လှုပ်ရှားမှုသတင်းတွေကို နီးစပ်ရာ တော်လှန်ရေးအင်အားစုတွေထံ အသိပေးအကြောင်းကြားဖို့နဲ့ တော်လှန်ရေးအင်အားစုတွေရဲ့ ထုတ်ပြန်ချက်တွေကို လိုက်နာကြဖို့လည်း ထပ်မံ တိုက်တွန်းပါတယ်။