မန္တလေး ရွှေလှံရပ်ကွက် အုပ်ချုပ်ရေးမှူး သေနတ်နဲ့ အပစ်ခံရပြီးသေ

၁၈၊ ဩဂုတ်လ၊ ၂၀၂၁။

ချမ်းအေးသာစံမြို့နယ် ရွှေလှံရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးအောင်ဆွေထွန်းမှာ ဩဂုတ်လ ၁၈ရက်နေ့ နံနက် ၁၁အချိန်ခန့်က အမည်မသိသူတစ်ဦးက သေနတ်နဲ့ရုံးအတွင်း ဝင်ရောက်ပစ်ခတ်ခဲ့တာကြောင့် သေသွားခဲ့တယ်လို့ သိရပါတယ်။

“အုပ်ကြီးတစ်ယောက်ထဲ ရုံးထဲမှာ ထိုင်နေချိန်ကို စောင့်ပြီးတော့ ဝင်ပစ်သွားတာ၊ ပွဲချင်းပြီးပဲ ဘယ်သူပစ်တယ်လို့တော့ မသိရဘူး

အချိန်တန် ဘယ်အဖွဲ့ကဆိုတာ ကြေညာမှာပေါ့၊ သူက ဟိုဖက်လိုလို ဒီဖက်လိုလိုနဲ့ ခွစားနေတာ တပ်ဖက်ကို အသေကပ်တဲ့သူ တစ်ဖက်က သတင်းနှိုက်ပြီးတော့ တပ်ကိုသတင်းပေးနေတဲ့သူ”လို့ ဒေသခံတစ်ဦးကပြောပါတယ်။

ပစ်ခတ်မှုဖြစ်စဉ်အပြီးမှာတော့ အကြမ်းဖက်စစ်အုပ်စုက ရပ်ကွက်အတွင်း လမ်းတွေကိုပိတ်ဆို့ကာ စစ်ဆေးမှုတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။