ဒီနေ့ ပုသိမ်ကိုဗစ်လူနာ၂ဦးသေဆုံး 

၁၈၊ ဩဂုတ်လ၊ ၂၀၂၁။

ပုသိမ်မြို့မှာ သြဂုတ်လ ၁၈ရက်နေ့က ကိုဗစ်လူနာ (၂)ဦးသာသေဆုံးခဲ့တယ်လို့ မနောဖြူ လူမှုကူညီရေးအဖွဲ့ရဲ့ မီးသင်္ဂြိုဟ်မှု မှတ်တမ်းတွေအရ သိရပါတယ်။

ဒီနေ့မှာနေအိမ်တွေမှာ သေဆုံးခဲ့သူ (၂)ဦးသာရှိခဲ့တယ်လို့ သိရပါတယ်။

ကိုဗစ်ကပ်ရောဂါတတိယလှိုင်းအတွင်း ဇူလိုင်လ တစ်လလုံး ပုသိမ်မြို့မှာ ကိုဗစ်ရောဂါကြောင့် သေဆုံးသူ (၈၁၀)ဦး ရှိပြီး သြဂုတ်လဒီနေ့ထိသေဆုံးသူ (၂၆၂)ဦးအပါအ၀င် စုစုပေါင်း (၁၀၇၂)ဦးထိရှိလာပြီ ဖြစ်ပါတယ်။

Delta News Agency

Read Previous

မနက်ဖြန် ရန်ကုန်တိုင်းအတွင်းက မြို့နယ်အချို့ ရေပြတ်မယ်

Read Next

ရွှေဘုံသာအနီးမှာ အကြမ်းဖက်စစ်အုပ်စုသင်္ဘောကို KIAတိုက်ခိုက်