သုံးခွမှာနုတ်ထွက်အုပ်ကြီး ၄၇ဦးရှိလာ

၁၆၊ အောက်တိုဘာလ၊ ၂၀၂၁။

ရန်ကုန်တိုင်း၊သုံးခွမြို့နယ်အတွင်း ရပ်ကျေးအုပ်ချုပ်ရေးမှူး၄၇ဦးရှိလာပြီလို့သိရပါတယ်။

သုံးခွမြို့နယ်အတွင်း ရပ်ကွက်၁၂ကွက်နဲ့ ကျေးရွာပေါင်း ၆၄ရွာတဲ့အနက် ရပ်ကွက်၁၂ခုနဲ့ ၃၅ရွာတို့က အုပ်ချုပ်ရေး မှူးတွေဟာ ကျန်းမာရေးအကြောင်းပြချက်နဲ့ နုတ်ထွက်ခဲ့ကြတာလို့ သုံးခွမြို့နွေဦးတော်လှန်ရေးလူမှုကွန်ရက်စာ မျက်နှာ TGA News Chann el မှာဖော်ပြပါတယ်။

‘တော်တော်လေးကိုထွက်နေကြပြီ။နောက်ထပ်လည်းထပ်ထွက်ဖို့ရှိနေတယ်။မထွက်ရင် အသက်အန္တရာယ်ရှိလာ နိုင်လို့ ထွက်ကြတာပါ။သုံးခွမှလည်း ပြောက်ကျားတပ်ဖွဲ့တွေက အားကောင်းလာတာရော ခရမ်းမှာတစ်မြို့နယ် လုံး အုပ်ကြီးတွေထွက်ကြတဲ့ဂယက်တွေလည်း ပါမှာပါ’လို့ သုံးခွမြို့၂ရပ်ကွက်နေ တက်ကြွလှုပ်ရှားသူတစ်ဦးက ပြောပါတယ်။

အောက်တိုဘာ၇ရက်နေ့ မနက်စောစောပိုင်းက သုံးခွမြို့ပေါ်ရှိ လျှပ်စစ်ရုံးနဲ့ အခွန်ရုံးတို့ကို Thongwa Youth Force (TYF) က လူထိခိုက်ခြင်းမရှိအောင်သတိပေးဖောက်ခွဲခဲ့သလို အုပ်ချုပ်ရေးမှူးတွေနုတ်ထွက်ကြဖို့ လည်း ဖိအားပေးခဲ့ပါတယ်။အဲဒီနောက်ပိုင်း အုပ်ချုပ်ရေးမှူးတွေနေ့စဉ်ထွက်လာကြတယ်လို့ သူကပြောပါတယ်။

‘တချို့တွေက နုတ်ထွက်တယ်ဆိုပေမဲ့ စစ်တပ်ကိုသံယောဇဉ်မကုန်တဲ့အုပ်ချုပ်ရေးမှူးတွေရှိတယ်လို့ကြားတယ်။ ပြောက်ကျားတွေလည်း စောင့်ကြည့်နေတယ်တဲ့။သိပ်မကြာခင်မှာ မထွက်တဲ့အုပ်ကြီးတွေနဲ့ ထွက်ပြီးမှ ခိုးသတင်း ပေးနေတဲ့ အုပ်ကြီးဟောင်းတွေကို ပုံစံပေးတော့မယ်ထင်တယ်’လို့ သူကဆက်ပြောပါတယ်။