အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းမှာ ငလျင်လှုပ်လို့ လူ ၃ ဦးသေပြီး ၇ ဦးဒဏ်ရာရ

၁၆၊ အောက်တိုဘာလ၊ ၂၀၂၁။

အင်ဒိုနီးရှားနိုင်ငံ၊ ဘာလီကျွန်းမှာ ငလျင်လှုပ်လို့ လူ ၃ ဦးသေဆုံးပြီး ၇ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ အင်ဒိုနီးရှား ဘဘာဝဘေးအန္တရာယ်ဆိုင်ရာ အေဂျင်စီက ဒီကနေ့မှာ ထုတ်ပြန်အသိပေးပါတယ်။

ပြင်းအား ၄.၈ မဂ္ဂနီကျူ့ ရှိတဲ့ ငလျင်ဟာ Banjar Wanasari မြို့ရဲ့ အရှေ့မြောက်ဘက် ၁၀ ကီလိုမီတာခန့်အကွာမှာ ပိုမိုလှုပ်ရမ်းခဲ့ပြီး ထိခိုက်ပျက်စီးမှုတွေလည်း များပြားခဲ့ပါတယ်။

အင်ဒိုးနီးရှားနိုင်ငံဟာ Ring of Fire လို့ခေါ်တဲ့ မီးတောင်ရှင်တွေ ရှိတဲ့ ပထဝီမြေနေရာမှာ တည်ရှိတာကြောင့် မကြာခဏဆိုသလို ငလျင်ဘေး ကြုံတွေ့ရတဲ့ နိုင်ငံဖြစ်ပါတယ်။

“ငလျင်က ငါးစက္ကန့်လောက်ကို ခပ်ပြင်းပြင်းလှုပ်ခဲ့တာပါ။ ငလျင်လှုပ်တဲ့အချိန်မှာ လူတွေက ကြောက်ပြီး အိမ်ထဲက ထွက်ပြေးကြတယ်”လို့ အင်ဒိုနီးရှား သဘာဝဘေးအန္တရာယ်ဆိုင်ရာ အေဂျင်စီရဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလထဲမှာလည်း Sulawesi ကျွန်းမှာ ပြင်းအား ၆.၂ မဂ္ဂနီကျူ့ရှိတဲ့ ငလျင်တစ်ခုလှုပ်ခဲ့လို့ လူ ၁၀၀ ကျော်သေဆုံးပြီး ထောင်ပေါင်းများစွာ အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရပါတယ်။

လွန်ခဲ့တဲ့ သုံးနှစ်လောက်ကလည်း ပြင်းအား ၇.၅ မဂ္ဂနီကျူ့ရှိတဲ့ ငလျင်ကြောင့် ဆူနာမီနောက်ဆက်တွဲဖြစ်လို့ သေဆုံးသူနဲ့ ပျောက်ဆုံးသူ စုစုပေါင်း အရေအတွက် လူ ၄၃၀၀ ကျော်လောက် ရှိခဲ့ပါတယ်။