Grand Rayal အရက်ချက်စက်ရုံမီးလောင်မှု ခြောက်နာရီကြာထိ မီးမငြိမ်းသေး

ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်၊ လိပ်ပုတ်ကျေးရွာအုပ်စု၊ အမှတ်(၄)လမ်းမကြီးဘေးက Grand Royalအ ရက်ချက် စက်ရုံမီးလောင်မှုဟာ လက်ရှိ ခြောက်နာရီကြာတဲ့အထိ မီးမငြိမ်းသေးဘူးလို့ အဲ့ဒီနေရာမှာ ကူညီပေးနေတဲ့ ရွှေ မေတ္တာလူမှုကူညီရေးအသင်းတာဝန်ရှိသူတဦးက DNAကို ပြောပါတယ်။
 
“လက်ရှိမီးမငြိမ်းသေးဘူး၊ထိခိုက်ဒဏ်ရာရတဲ့ဦးရေ အရေအတွက်တော့ မသိဘူး၊ရန်ကုန်ဆေးရုံကြီးမှာ လေး ယောက်၊အင်းစိန်ဆေးရုံ ၂၇ယောက်၊အဲ့ဒါတော့ အစ်မသိထားတဲ့ဟာပဲ၊ထပ်ရောက်လား၊မရောက်လားတော့ မသိ ဘူး”လို့ သူကပြောပါတယ်။
 
ဒီကနေ့ ဇန်နဝါရီ ၁၃ရက် နေ့လယ် သုံးနာရီခွဲဝန်းကျင် ကတည်းကလောင်ကျွမ်းနေတဲ့ အဲ့ဒီမီးလောင်မှုဟာ စဖြစ် ချိန်မှာ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က မီးလောင်ကျွမ်းမှု အဆင့် ၂ အဖြစ်သတ်မှတ်ငြှိမ်းသတ်ခဲ့ပေမယ့် လောင်း ကျွမ်းမှု ပိုမိုပြင်းထန်လာတာကြောင့် အဆင့် ၃အထိ သတ်မှတ်ငြိမ်းသတ်နေရတာပါ။
မီးလောင်ကျွမ်းမှု မြင့်မားတာကြောင့် မီးသတ်သမားတချို့နဲ့ပရဟိတအဖွဲ့ဝင်အချို မီးလောင်ဒဏ်ရာရရှိခဲ့တဲ့ အပြင် ည ၈နာရီဝန်းကျင်မှာ မီးလောင်ကျွမ်းတဲ့ စက်ရုံထဲက ဘွိုင်လာနှစ်လုံး ပေါက်ကွဲမှုဖြစ်ခဲ့တာကြောင့် လက်ရှိမှာ ထိ ခိုက်ဒဏ်ရာရရှိသူ ၃၀ ကျော်အထိရှိလာတာဖြစ်တယ်လို့ ရွှေမေတ္တာလူမှုကူညီရေး အသင်း တာဝန်ရှိသူကပြောပါ တယ်။
 
“ရန်ကုန်ဆေးရုံကြီးကို ပို့တဲ့လေးယောက်ကတော့ အဝါရောင်အဆင့်(ထိခိုက်ဒဏ်ရာ ပြင်းထန်) အခြေအ နေရှိ တယ်၊တခြားကတော့ သာမန်မီးလောင်ဒဏ်ရာရတာပေါ့၊အတိအကျတော့ မရသေးဘူး”လို့ မီးလောင်ရာ နေရာကို ရောက်နေတဲ့ ကြက်ခြေနီတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။
 
လက်ရှိမှာ မီးငြိမ်းသတ်နိုင်ရေးအတွက် နီးစပ်ရာမြို့နယ်တွေက မီးသတ်တပ်ဖွဲ့၊အရံမီးသတ်တပ်ဖွဲ့နဲ့ လူမှုကူညီ ရေးအသင်းတွေအပြင် ဒေသခံတွေက ဝိုင်းဝန်းငြှိမ်းသတ်နေဆဲဖြစ်တယ်လို့ ပရဟိတအဖွဲ့တွေထံက သိရပါတယ်။
 
ဒီကနေ့ညဆယ်နာရီဝန်းကျင်အထိ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က ထုတ်လွှင့်ဖော်ပြထားတဲ့ မီးငြှိမ်းသတ်နေမှု တိုက် ရိုက် ရုပ်သံမှတ်တမ်းတွေအရလည်း မီးလောင်မှုက အရှိန်ကောင်းနေဆဲဖြစ်တာကိုတွေ့ရပါတယ်။
 
လွန်ခဲ့တဲ့ (၁၄)နှစ်အကြာ ၂၀၀၉ ခုနှစ်ကလည်း လှည်းကူးမြို့နယ်မှာရှိတဲ့ Grand Royal အရက်ချက်စက်ရုံ အ ကြီးအကျယ် မီးလောင်ခဲ့ဖူးပြီး မီးသတ်ဌာနရဲ့ မှတ်တမ်းတွေအရ စံချိန်တင် ဆုံးရှုံးအဖြစ်မှတ်တမ်းတင်ခဲ့ဖူးပါတယ်။
 
အဲ့ဒီအချိန်က Grand Royal စက်ရုံကို ပိုင်ဆိုင်တဲ့ IBTC ကုမ္ပဏီရဲ့ အတည်ပြုချက်အရ စက်ရုံမီးလောင်မှု ကြောင့် အမေရိကန် ဒေါ်လာ ၇သန်းကျော်ဖိုး ဆုံးရှုံးခဲ့တယ်လို့ ဆိုပါတယ်။အဲ့ဒီအချိန်က အရက်ချက်စက်ရုံမီး လောင်မှု အ တွင်း လူသုံးဦးထက်မနည်းသေဆုံးမှုလည်း ရှိခဲ့ပါတယ်။
 
လက်ရှိ Grand Royal အရက်ချက်စက်ရုံ မီးလောင်မှုမှာတော့ လူသေဆုံးမှုမရှိသေးပေမယ့် ထိခိုက်ဒဏ်ရာရသူ တွေရှိနေပြီး ဆေးရုံပို့ကုသမှုခံယူနေကြရတာတွေရှိနေတာပါ။မီးလောင်မှု စတင်ဖြစ်ပွားတဲ့အကြောင်းအရင်းကို တော့ မသိရသေးပါဘူး။