စစ်ကောင်စီတပ်သားတစ်ဦး CDF – Zophei ဆီ လက်နက်နဲ့အလင်းဝင်

ချင်းပြည်နယ် ဟားခါး အခြေစိုက် စစ်ကောင်စီတပ်ရင်း ခလရ(၂၆၆)က စစ်ကောင်စီတပ်သားတဦးဟာ ဇန်နဝါရီ (၆) ရက်နေ့မှာ လက်နက်နဲ့အတူအလင်းဝင်ခိုလှုံလာတယ်လို့ ချင်းကာကွယ်ရေးတပ်CDF -Zophei ဥက္ကဋ္ဌ ကိုဆလိုင်းဂျိမ်းက DNA ကိုပြောပါတယ်။

“ခုဟာက ငါးယောက်မြောက်ပေါ့၊ စစ်ကောင်စီကိုပြန်တိုက်ချင်တယ်လို့တော့ မပြောဘူး၊သူလုံခြုံတဲ့နေရာကိုပဲသွားချင်တယ်ပြောတယ်” လို့ ကိုဆလိုင်းဂျိမ်းကပြောပါတယ်။

အဲ့ဒီစစ်ကောင်စီစစ်သားဟာ ဇန်နဝါရီ  MA1 သေ နတ် ၁လက် ၊ ကျည်တွေနဲ့အတူ လာရောက်ပူးပေါင်းလာတာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

” နောက်CDM ဝင်ချင်တဲ့သူတွေကိုလည်းကြိုဆိုတယ်၊လုံခြုံတဲ့နေရာရောက်အောင် တာဝန်ယူပို့ပေးမယ်၊ ထိုက်သင့်တဲ့ဆုကြေးလည်းချီးမြင့်မယ်” လို့ ကိုဆလိုင်းဂျိမ်းကပြောပါတယ်။

CDF-Zophei တပ်ဖွဲ့အနေနဲ့ ပြည်သူ့ဘက်ခိုလှုံဝင်ရောက်လာတဲ့စစ်ကောင်စီတပ်သားကို နွေးထွေးစွာကြိုဆိုခဲ့ပြီး ထိုက်သင့်တဲ့ဆုကြေးပေးအပ်ချီးမြင့်ခဲ့တယ်လို့ ဆိုပါတယ်။