ကြည့်မြင်တိုင်မှာ ၅နေရာဆက်တိုက် ဗုံးပေါက်

၁၅၊ ဩဂုတ်လ၊ ၂၀၂၁။

ကြည့်မြင်တိုင်မြို့နယ်မှာ ဩဂုတ်လ ၁၅ရက်နေ့ နံနက် ၄နာရီခန့်က ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွေ အပါအဝင် နေရာ ၅ခုမှာ ဗုံးပေါက်ကွဲမှုတွေ ဖြစ်ပွါးခဲ့ပါတယ်။

မကျည်းတန်းတောင်အနောက် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးအနီးမှာ တစ်ကြိမ်၊ စျေးကလေးရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးအနီးမှာ တစ်ကြိမ်၊ သာဓုအရှေ့ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးအနီးမှာ တစ်ကြိမ်၊ သရက်တောတောင်ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးအနီးနဲ့ ပန်းပင်ကြီးလမ်းနဲ့ အထက်ကြည့်မြင်တိုင်လမ်းထောင့် အုတ်နံရံဘေးတို့မှာတစ်ကြိမ်စီ ပေါက်ကွဲမှုတွေ ဖြစ်ပွါးခဲ့တာပါ။

 

နံနက်အစောပိုင်းမှာ ပေါက်ကွဲမှုတွေဖြစ်ပွါးခဲ့တာမို့ လူထိခိုက်မှုမရှိခဲ့ဘူးလို့ ဒေသခံတွေကပြောပါတယ်။
ကြည့်မြင်တိုင်မြို့နယ်နဲ့ ကြည့်မြင်တိုင်မြို့နယ်နဲ့ ထိစပ်နေတဲ့ အလုံမြို့နယ်တို့ဟာ ယနေ့အချိန်ထိ ညအချိန် ၈နာရီရောက်ရှိချိန်တိုင်း အာဏာသိမ်းအကြမ်းဖက်စစ်အုပ်စုကို အလိုမရှိကြောင်း သံပုံးတီး ဆန္ဒပြနေဆဲဖြစ်တဲ့ မြို့နယ်တွေပဲဖြစ်ပါတယ်။