ဒီနေ့ ပုသိမ်ကိုဗစ်လူနာ၁၀ဦးသေဆုံး

၁၅၊ ဩဂုတ်လ၊ ၂၀၂၁။

ပုသိမ်မြို့မှာ သြဂုတ်လ ၁၅ရက်နေ့က ကိုဗစ်လူနာ (၁၀)ဦးသေဆုံးခဲ့တယ်လို့ မနောဖြူ လူမှုကူညီရေးအဖွဲ့ရဲ့ မီးသင်္ဂြိုဟ်မှု မှတ်တမ်းတွေအရ သိရပါတယ်။

ပုသိမ်ဆေးရုံကြီးမှာသေဆုံးသူ (၁)ဦး ၊စစ်တပ်မဆရ(၄)ဆေးရုံက(၁)ဦး၊နေအိမ်တွေမှာ သေဆုံးခဲ့သူ (၈)ဦးရှိခဲ့တယ်လို့ သိရပါတယ်။

 

ကိုဗစ်ကပ်ရောဂါတတိယလှိုင်းအတွင်း ဇူလိုင်လ တစ်လလုံး ပုသိမ်မြို့မှာ ကိုဗစ်ရောဂါကြောင့် သေဆုံးသူ (၈၁၀)ဦး ရှိပြီး သြဂုတ်လဒီနေ့ထိသေဆုံးသူ (၂၃၆)ဦးအပါအ၀င် စုစုပေါင်း (၁၀၄၆)ဦးထိရှိလာပြီ ဖြစ်ပါတယ်။