ဖျာပုံမြို့မှာ ကိုဗစ်အတည်ပြုလူနာ (၈)ဦး တွေ့ရှိပြီး အတည်ပြုလူနာ (၂)ဦးသေဆုံး

၁၅၊ ဩဂုတ်လ၊ ၂၀၂၁။

ဖျာပုံမြို့မှာ ဒီကနေ့ ကိုဗစ်အတည်ပြုလူနာ (၈)ဦးတွေ့ရှိ​ခဲ့ကာ အတည်ပြုလူနာ (၂)ဦး သေဆုံးခဲ့ တယ်လို့သိရပါတယ်။

ဖျာပုံခရိုင်ဆေးရုံကြီးမှာ စစ်ဆေးချက်အရ (၁၆)ရပ်ကွက်၊ ဖျာပုံမြို့မှ (၁)ဦး၊ အစီးကလေးကျေးရွာမှ (၁)ဦး၊ (၁)ရပ်ကွက်၊ အမာမြို့၊ ဖျာပုံမြို့နယ်မှ (၂)ဦး၊ ဂျိုဝါကြံခင်းကျေးရွာ၊ ဖျာပုံမြို့နယ်မှ (၁)ဦး၊ (၁၆)ရပ်ကွက်၊ ဖျာပုံမြို့မှ (၁)ဦး၊ (၁၈)ရပ်ကွက်၊ ဖျာပုံမြို့မှ (၁)ဦး၊ တာပွန်ကျေးရွာ၊ အမာမြို့၊

ဖျာပုံမြို့နယ်မှ (၁)ဦးတို့မှာ ကိုဗစ်ရောဂါပိုးတွေ့ရှိခဲ့ပြီး ပထမလမ်း၊ (၂)ရပ်ကွက်၊ ဖျာပုံမြို့မှ အသက်(၆၃)နှစ်အရွယ် အမျိုးသမီး(၁)ဦး၊ (၁၆)ရပ်ကွက်၊ ဖျာပုံမြို့မှ (၄၇)နှစ်အရွယ် အမျိုးသား(၁)ဦးတို့ ကိုဗစ်ရောဂါကြောင့် သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ဖျာပုံခရိုင်ပြည်သူ့ဆေးရုံကြီးမှာ ဇူလိုင်လ ၃ရက်နေ့မှစတင်ကာ ကိုဗစ် အတည်ပြုလူနာစုစုပေါင်း (၆၆၄) ဦး၊ ဆေးရုံဆင်းခွင့်ရရှိသူစုစုပေါင်း(၄၄၄)ဦးရှိကာ ဇူလိုင်လ ၁၃ရက်နေ့မှ ယနေ့အချိန်အထိ အတည်ပြုလူနာ သေဆုံးသူပေါင်း (၆၂)ဦးရှိတယ်လို့သိရပါတယ်။

Delta News Agency

Read Previous

ဒီနေ့ ပုသိမ်ကိုဗစ်လူနာ၁၀ဦးသေဆုံး

Read Next

နတ်ထိပ်ကျေးရွာက ပြည်သူတွေရဲ့နေအိမ်ကို စစ်အုပ်စုက မီးရှို့ဖျက်ဆီး

Most Popular