နတ်ထိပ်ကျေးရွာက ပြည်သူတွေရဲ့နေအိမ်ကို စစ်အုပ်စုက မီးရှို့ဖျက်ဆီး

၁၅ ၊ သြဂုတ်လ ၊ ၂၀၂၁ ။

စစ်ကိုင်းတိုင်းဒေသကြီးနဲ့ မကွေးတိုင်းဒေသကြီး နယ်ခြားမှာရှိတဲ့ ပုံတောင်နတ်နန်းတောင်ခြေနားမှာ ရှိတဲ့ နတ်ထိပ်ကျေးရွာက ပြည်သူတွေပိုင် နေအိမ်အချို့ကို

 

အကြမ်းဖက်စစ်အုပ်စုက စစ်ကြောင်းချီရင်း မီးရှို့ဖျက်ဆီး ပစ္စည်းလုယက်မှုတွေ လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

နယ်မြေရှင်းလင်းရေးလုပ်ဆောင်တယ်ဆိုကာ ကျေးရွာအတွင်းဝင်ရောက်လာပြီး ပြည်သူပိုင်ပစ္စည်းတွေကို ဖျက်ဆီးတာ၊ လုယူတာတွေ လုပ်ဆောင်ပြီးနောက်မှာ လူနေအိမ်အချို့ကိုပါ မီးရှို့ဖျက်ဆီးခဲ့တာပါ။