မုံရွာမြို့ Mytelရုံးမှာ လုံခြုံရေးယူနေတဲ့ စစ်အုပ်စု အတိုက်ခံရ

ဓာတ်ပုံ- Brother Defense Force
စစ်ကိုင်းတိုင်း မုံရွာမြို့ ကျောက္ကာလမ်းပေါ်မှာရှိတဲ့ စစ်အုပ်စုခေါင်းဆောင်ပိုင် Mytelရုံးမှာ လုံခြုံရေးရယူထားတဲ့ အကြမ်းဖက်စစ်အုပ်စုကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး အပြန်အလှန်ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
ဒီကနေ့ ဧပြီလ ၇ရက်နေ့ မွန်းလွဲ ၁နာရီခွဲလောက်က ဗိုလ်တုပ်လေးဦးဆောင်တဲ့ မြို့ပေါ်ပြောက်ကျားအဖွဲ့က 79သေနတ်နဲ့ 40မမ ဗုံးသီးပစ်ထည့်ပြီးနောက် Unity Force Monywa , Monywa Hero Group နဲ့ Brother Defense Forceအဖွဲ့တွေက ပူးပေါင်း ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ Brother Defense Forceက သတင်းထုတ်ပြန်ထားပါတယ်။
အပြန်အလှန်ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့ပြီး စစ်အုပ်စုက ထိခိုက်သေဆုံးသူတွေ ရှိနိုင်ပေမယ့် သီးခြား သတင်း အတည်ပြုနိုင်တာ မသေးပါဘူး။
တိုက်ခိုက်မှုအပြီးမှာ ပူးပေါင်းတပ်ဖွဲ့အနေနဲ့ ထိခိုက်မှုမရှိဘဲ ဘေးကင်းလုံခြုံစွာနဲ့ ပြန်လည်ဆုတ်ခွာ လာနိုင်ခဲ့တယ်လို့ သိရပါတယ်။ သင်္ကြန်ပွဲတော်အချိန်အတွင်းမှာ ပြည်သူတွေအနေနဲ့ မိမိတို့ နေအိမ်တွေမှာပဲ ဘေးကင်းလုံခြုံစွာ နေထိုင်ကြဖို့ကိုလည်း Brother Defense Forceအဖွဲ့က မေတ္တာရပ်ခံထားပါတယ်။

Delta News

Read Previous

နယ်မြေစိုးမိုးဖို့ အားပြိုင်နေတဲ့ စစ်ကိုင်းတိုင်း

Read Next

ရွှေဘိုမြို့နယ်မှာ စစ်အုပ်စုခန့်အုပ်ကြီးနဲ့ ပျူစောထီးအဖွဲ့ဝင်တစ်ဦး အပစ်ခံရ