မုံရွာ-အရာတော်လမ်း အသုံးပြုခွင့် PDF ၆ ဖွဲ့ ပိတ်

မုံရွာ-အရာတော်လမ်းပိုင်း အသုံးပြုသွားလာခြင်းကို အထူးတားမြစ်ပိတ်ပင်ကြောင်း ဒေသတွင်း တော်လှန်ရေးအင်အားစု ၆ ဖွဲ့က အရေးပေါ်သတိပေးချက် ထုတ်ပြန် ခဲ့ပါတယ်။
မုံရွာ-အရာတော်လမ်းပေါ် အကြမ်းဖက်စစ်တပ်တွေတပ်စွဲကာ သွားလာလှုပ်ရှားမှု ရှိ‌နေတာကြောင့် ဒီနေ့ (ဇွန် ၂၉ ရက်နေ့) မနက် ၉ နာရီခွဲကစပြီး သွားလာခွင့်ပိတ်တယ်လို့ အရေးပေါ် တားမြစ်ရခြင်းဖြစ်‌ပါတယ်။
မုံရွာ-အရာတော်လမ်း ပြန်လည်အသုံးပြုသွားလာနိုင်မဲ့အချိန်ကို ထပ်မံထုတ်ပြန်ပေးမှာဖြစ်ပြီး အခုတားမြစ်ချက်ကို လိုက်နာဆောင်ရွက်ခြင်း မရှိတာကြောင့် တစ်စုံတစ်ရာ ထိခိုက်နစ်နာမှုဖြစ်ပေါ်ပါက တာဝန်ယူမှာ မဟုတ်ကြောင်း ထုတ်ပြန်ထားပါတယ်။
အခုထုတ်ပြန်ချက်ကို Danger Force LPDF ၊သပြေညိုပျောက်ကြားတပ်ဖွဲ့ ၊ Ayadaw Falcon Force (AF2) ၊ Ayadaw Bone Naing PDF- (ABN-PDF) ၊ ပတ္တမြားညီနောင် ပျောက်ကြားတပ်ဖွဲ့နဲ့ AMT မြေပြင်ပျောက်ကြားတပ်ဖွဲတို့က ထုတ်ပြန်ထားပါတယ်။