မုံရွာမြို့ ကျောက်စစ်ပုံကျေးရွာအနီး စစ်အုပ်စုကားတစ်စီး မိုင်းထိပြီး ၁၀ဦးကျော်သေp

စစ်ကိုင်းတိုင်း မုံရွာမြို့နယ် ကျောက်စစ်ပုံကျေးရွာ လမ်းထိပ်အနီးမှာ စစ်အုပ်စုရဲ့ ကားတစ်စီး မိုင်းထိမှန်ပြီး ၁၀ဦးကျော်သေဆုံးခဲ့တယ်လို့ Chindwin Attack Force က သတင်းထုတ်ပြန်လာခဲ့ပါတယ်။
ဒီကနေ့ ဧပြီလ ၂၂ရက်နေ့ မနက် ၇နာရီ ၂၀မိနစ်ခန့်မှာ စစ်အုပ်စုဝင်တွေ လိုက်ပါစီးနင်းလာတဲ့ မော်တော်ယာဉ်တစ်စီးကို Chindwin Attack Force ရဲ့ တပ်ခွဲ (၄) Fight People FFPအဖွဲ့နဲ့ Yan Gyi Aung အဖွဲ့တို့ပူးပေါင်းပြီး မိုင်းဆွဲတိုက်ခိုက်ခဲ့တာပါ။
မိုင်းဆွဲတိုက်ခိုက်မှုကြောင့် စစ်အုပ်စုက ၁၀ဦးကျော်သေဆုံးခဲ့ပြီး စစ်အုပ်စုရဲ့ မော်တော်ယာဉ်နဲ့အတူ အနီးကပ်လိုက်ပါလာတဲ့ ပြည်သူ ၂ဦး အနည်းငယ်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
ပြည်သူ ၂ဦး ထိခိုက်ဒဏ်ရာရရှိမှုနဲ့ ပက်သက်ပြီး Chindwin Attack Forceက များစွာစိတ်မကောင်းဖြစ်ကြောင်းနဲ့ ပြည်သူတွေအနေနဲ့ အကြမ်းဖက်စစ်အုပ်စုနဲ့ အဝေးဆုံးနေရာမှာ နေထိုင်သွားလာကြဖို့ မေတ္တာရပ်ခံချက်ကို ထည့်သွင်းထုတ်ပြန်ခဲ့ပါတယ်။