ရှမ်းတောင်တော်လှန်ရေးအဖွဲ့ ၆ခု စုပေါင်းပြီး SSRY တပ်ရင်းအဖြစ်ဖွဲ့စည်

ရှမ်းပြည်နယ်တောင်ပိုင်းက လူငယ်တွေနဲ့ ဖွဲ့စည်းထားတဲ့ တော်လှန်ရေးအဖွဲ့ ၆ ခုကို စုစည်းပြီး ရှမ်းတောင် တော်လှန်ရေး လူငယ်များအဖွဲ့ ( Southern Shan Revolution Youth) တပ်ရင်း အဖြစ် ဖွဲ့စည်းလိုက်တယ်လို့ သတင်းထုတ်ပြန်လာပါတယ်။
SSRY ကို အရင်က ရှမ်းတောင်နဲ့ ကရင်နီ ပြည်နယ်တွေမှာ တိုက်ပွဲဝင်နေတဲ့ ရှမ်းပြည်က လူငယ်တွေနဲ့ အင်အားအစုအဖွဲ့တွေ ပြန်စုစည်းပြီး NUG ရဲ့ ကာကွယ်ဝန်ကြီးဌာန လမ်းညွှန်ချက်နဲ့ တပ်ရင်းတစ်ခုအဖြစ် ဖွဲ့စည်းခဲ့တာလို့ သိရပါတယ်။
ဒီတပ်ရင်းကို Eagle Force (SSRY) ၊ Dove Guerrilla Force ( South Shan) ၊ Dragon Force ( South Shan ) ၊ Tai PDF ( South Shan ) ၊ SSIR ( Southern Shan Irine ) ၊ တို့ စုပေါင်းထားပြီး Dove KK က တပ်ရင်းဆေးတပ်ဖွဲ့ အဖြစ် ပါဝင်ကာ ဖွဲ့စည်းထားတာ ဖြစ်တယ်လို့ SSRY က ထုတ်ပြန်ပါတယ်။