ဖျာပုံမြို့မှာ ကိုဗစ်အတည်ပြုလူနာ (၂၂)ဦး တွေ့ရှိ

၁၆၊ ဩဂုတ်လ၊ ၂၀၂၁။

ဖျာပုံမြို့မှာ ဒီကနေ့ကိုဗစ်ရောဂါ စစ်ဆေးချက်အရ ကျုံကဒွန်းကျေးရွာမှ (၁၀)ဦးအပါအဝင် ကိုဗစ်အတည်ပြုလူနာ (၂၂)ဦးတွေ့ရှိ​ခဲ့တယ်လို့သိရပါတယ်။

ဖျာပုံခရိုင်ဆေးရုံကြီးမှာ စစ်ဆေးချက်အရ ချောင်းတွင်းကျေးရွာ၊ ဖျာပုံမြို့နယ်မှ (၁)ဦး၊ (၁၃)လမ်း၊ (၈)ရပ်ကွက်၊ ဖျာပုံမြို့မှ (၁)ဦး၊ ကျိုက္ကဘာကျေးရွာ၊ ဖျာပုံမြို့နယ်မှ (၂)ဦး၊ (၁၄)ရပ်ကွက်၊ ဖျာပုံမြို့မှ (၁)ဦး၊ သမိန်ထောသိမ်းကုန်းကျေးရွာ၊ ဖျာပုံမြို့နယ်မှ (၂)ဦး၊

မြင်းကကုန်းကျေးရွာ၊ ဘိုကလေးမြို့နယ်မှ (၁)ဦး၊ ကနိကျေးရွာ၊ ဖျာပုံမြို့မှ (၁)ဦး၊ ဓမင်းဆိပ်ကျေးရွာ၊ တင်ပုလွဲကျေးရွာ၊ ဖျာပုံမြို့နယ်မှ (၃)ဦး၊ ကျုံကဒွန်းကျေးရွာ၊ ဖျာပုံမြို့နယ်မှ (၁၀)ဦးတို့မှာ ကိုဗစ်ရောဂါပိုးတွေ့ရှိခဲ့တယ်လို့သိရပါတယ်။

ဖျာပုံခရိုင်ပြည်သူ့ဆေးရုံကြီးမှာ ဇူလိုင်လ ၃ရက်နေ့မှစတင်ကာ ကိုဗစ် အတည်ပြုလူနာစုစုပေါင်း (၆၈၆) ဦး၊ ဆေးရုံဆင်းခွင့်ရရှိသူစုစုပေါင်း(၄၅၇)ဦးရှိကာ ဇူလိုင်လ ၁၃ရက်နေ့မှ ယနေ့အချိန်အထိ အတည်ပြုလူနာ သေဆုံးသူပေါင်း (၆၂)ဦးရှိတယ်လို့သိရပါတယ်။